||11||

1.1K 137 130
                                    


နသယ်စပ်ကဆံစနုနုလေးတွေက စ
လက်ချောင်းသွယ်တွေအထိမြတ်နိုးရပါတဲ့
အရှင်ရေ...။

အဖြူရောင်တွေလေ
စည်းချက်မညီတဲ့ဘ၀ထဲရစ်ပတ်နှောင်ဖွဲ့ခဲ့ပုံများအနုစိတ်တဲ့အလှအပတစ်ခုလို နမ်စားလေးဟာစိတ်ထဲမယ် ပြေးလွှားခုန်‌‌ပေါက်
နေခဲ့တာ

လက်ချောင်းသွယ်တွေနဲ့ပြုလုပ်တဲ့စည်းချက်လှလှတွေ ဘ၀ကြီးကိုဆွဲထိန်းသွားတဲ့အခါကျွန်တော်ဖြင့်ရူးမတက်လေ သက်လှယ်...။

ဆွယ်တာပါးပါးကလေး၀တ်ထားတဲ့ငွေမင်ရောင်ဆံနွယ်တွေနဲ့လူသားဟာ ကျွန်တော့်တစ်ဘ၀လုံးရဲ့ပဲ့ကိုင်ရှင်ပါဆိုရင်လူတွေ
ယုံမလား ၊ ယုံကြပါ့မလား...။
________________

ပုဝါအထူကြီိးကိုလည်ပင်းမှာလုံလုံပတ်ရင်း
ကျော်ပိုးအိတ်ကိုဆွဲတင်လျှက် ကျောင်း၀င်းထဲသို့သူမဖြေးဖြေးချင်းလျှောက်လာခဲ့သည်။

မင်ဟီးနဲ့ကျောင်း၀န်း၀မှာဆုံတော့ မင်ဟီးကသူ့ဆီအူယားဖားယားပြေးလာလေသည်။

"ဟဲ့ ယူရီ ဘာတွေအတွေးလွန်နေတာလဲ"

"ဘာမှမလွန်ပါဘူးဟာ ဒီတိုင်းပဲ"

"ငါphysical အချိန်ပျက်မလို့ မင်ဟီး"

"ဘာလို့လဲ"

"ဒီတိုင်း ငါတွေးစရာလေးရှိလို့"

"အင်းပါ အင်းပါ ငါအဲ့အချိန်ပြီးရင်နင့်ကိုစောင့်နေမယ်နော် "

"‌အေး"

"အခုဘယ်သွားမလို့လဲ"

"ပန်းခြံသွားဖို့"

"Ok"

တကယ်တော့ သူတစ်ယောက်ထဲရှိနေချင်တာမို့လို့ မင်ဟီးကိုပထုတ်လိုက်ရတာ။
အခုချိန်မှာ သူမစိတ်တွေ တကယ်
ကိုရှုပ်ထွေးနေလေသည်။

မနေ့ကအဖြစ်အပျက်တွေကြောင့်ဆိုပိုမှန်မည်ထင်သည်။ စိတ်ဆိုးချင်သော်လည်းဆိုးမရ မျက်နှာလေးမတွေ့ရရင် ထိုင်မရထမရဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို တကယ်ပင်
စိတ်ပျက်လှပါသည်။

မနက်ကထဲက သူမကိုမျက်နှာချင်း
မဆိုင်ရဲပဲ အလုပ်ကို အစောကြီးထွက်သွားသည့် လူကြီးကိုစိတ်လည်းဆိုးချင်
မျက်နှာလဲမြင်ချင်ဖြစ်နေသည့် သူမအဖြစ်ကရီရမလိုငိုရမလို။

𝑻𝒉𝒆 𝑯𝒆𝒂𝒓𝒕 𝒇𝒖𝒍𝒍 𝒐𝒇 𝑪𝒐𝒍𝒐𝒖𝒓 | 𝑴𝒀𝑮Where stories live. Discover now