ep3

748 126 31
                                    

#Unicode

ကားပေါ်သို့ တက်လာတဲ့လူသည်
ဂျီမင်၏ဘေးအခန်း 001 က
အမည်မသိရသေးတဲ့ လူစိမ်းဖြစ်
လေသည်။ထိုလူသည် မနေ့က
ဂျီမင်နဲ့တွေ့ခဲ့ရတဲ့ပုံစံလို ခန့်ညား
နေသည်မျိုးမဟုတ်။တအားကို
လူငယ်ဆန်ဆန်ချောမောနေသည်။
မနေ့က နဖူးအပြောင်ရှင်း၍ထား
တဲ့ ဆံနွယ်တွေက ယနေ့မှာ ခပ်ဝဲဝဲ
လေး နဖူးပြင်ပေါ် ကျနေသည်။
တီရှပ်လက်ရှည်ဗြောင် အပါးလေး
က အနက်ရောင်ဖြစ်ပြီး၊ခပ်မှိန်မှိန်
မီးခိုးရောင် ဘောင်းဘီရှည်နဲ့ တွဲ
ဝတ်ဆင်ထားသည်က ထိုလူ၏
ယနေ့ဖက်ရှင်ဖြစ်သည်။သူသည်
လက်နှစ်ဖက်ကို ဘောင်းဘီ
အိတ်ကပ်ထဲ ထည့်ထားပြီး
စမတ်ကျကျလမ်းလျှောက်တတ်
သည် ။သို့သော် ယခုတွင် သူ
သည် လက်ထဲမှာ ကော်ဖီဗူးလေး
တစ်ဗူးကို ကိုင်ထားသည် ။
ထိုလူသည် ကားပေါ်တက်လိုက်
ပြီးသည်နှင့် ပတ်ဂျီမင်ရှိရာ
ကိုသာ ကြည့်ပြီး ဖြည်းဖြည်း
လျှောက်လာသည် ။

ဂျီမင်ကတော့ ထိုင်နေရင်းကနေ
ဘာရယ်မဟုတ် ထိုလူကို မြင်သွား
တဲ့အခါ ခေါင်းအသာရို့ရင်း
လှိုက်လှိုက်လှဲလှဲပြုံးပြသည်။
ထိုလူကလည်း ဂျီမင်ကို ပြုံးပြီး
ကြည့်သည့်အပြင် ၊ဂျီမင် ထိုင်နေတဲ့
အနီးမှာမှ ကပ်ပြီး မတ်တပ်ရပ်နေ
တဲ့ ကျောင်းသားဂျောင်ကုကိုလည်း
တစ်ချက်ကြည့်သွားသေးသည်။

ထိုလူသည် အနောက်ဖက်နားက
လွတ်နေတဲ့ခုံလေးမှာ သွားဝင်ထိုင်
လိုက်ပြီး၊အရှေ့ဘက်ထိုင်ခုံတွေရဲ့
ခပ်လှမ်းလှမ်းက ဂျီမင်ကိုသာ
စိတ်ဝင်တစားစိုက်ကြည့်နေသည်။

ဂျီမင် ဆင်းရမည့်နေရာရောက်
တဲ့အခါ လက်ထဲပိုက်ထားတဲ့
လွယ်အိတ်လေးကိုဆွဲရင်း၊ကား
ပေါ်က အလျင်ဆင်းသွားသည်။
မသွားခင် ၊ဘေးမှာတစ်ချိန်လုံး
ရပ်နေခဲ့တဲ့ ကျောင်းသားလေး
ကို တစ်ချက်ခိုးကြည့်ခဲ့သည်။
ထိုကျောင်းသားလေးက သူ့ကို
အဖက်မလုပ်ခဲ့ပါပေ။

" ဂျီမင်ရှီ .."

ဂျီမင် သည် အလုပ်လုပ်မည့်
ကုမ္ပဏီကြီးရှိရာဆီကို လမ်း
နည်းနည်းထပ်လျှောက်ရသေး
သည် ။မှတ်တိုင်နှင့်ကုမ္ပဏီက
အနည်းငယ်တော့ ဝေးသည်။

We Were Meant To BeWhere stories live. Discover now