ep7

565 103 21
                                    

#Unicode

စိတ်ခံစားချက်တွေပေါ်လွင်ဖို့အတွက်
မျက်ဝန်းတွေက အဓိကဇာတ်ကောင်
ဖြစ်ပုံရသည်။

မပြီးမစီးနိုင် ငေးငေးကြည့်နေမိတဲ့
ကျွန်တော်ဟာ ၊စကားပြောနေတဲ့
သူ့နှုတ်ခမ်းဖူးကို မြင်ရင် လျှောက်
နေရတဲ့ လမ်းတောင်မှားချင်သလို၊
ဖြောင့်ဖြူးနေတဲ့ လမ်းကိုမှ ခလုတ်
တိုက်ပြီးမှောက်ရက်လဲချင်သလို။

မဆိုင်တဲ့ လွယ်အိတ်ကြိုးလေးကိုပဲ
အပြစ်မရှိ ဖျစ်ညှစ်ဆုပ်ကိုင်ရင်း၊
စကားများတဲ့ ထိုလူသားလေးနဲ့
အဆောင်ပြန်ရောက်လာတဲ့အထိ
ဘေးချင်းကပ်ရပ် ယှဥ်လျှောက်
လာခဲ့မိသည်။

အဆောင်သို့ ပြန်ရောက်လာပြီမို့
အဝင်ဝမှာတည်းက သက်ပြင်းချ
ကာ၊စိတ်ညစ်နေပုံရတဲ့ လူလေးက
ခေါင်းကို ငုံ့ထားလျက်နှင့်။

ရုံးခန်းအရှေ့နားရောက်လာတဲ့အခါ
သူ့ခြေလှမ်းတွေနှေးနှေးလေးဖြစ်သွားပြန်သည်။

ရုံးခန်းထဲမှာ ပိုင်ရှင်အဒေါ်ကြီးနဲ့
သူမရဲ့မောင် အီဂျောင်ယို တို့ ရှိ
နေကြသည်။အီဂျောင်ယိုရဲ့ကိုယ်
ပေါ်က ဒဏ်ရာ၊ဒဏ်ချက်၊သွေးစ
တွေက အစ ရေစိုအဝတ်နဲ့ သုတ်
ပေးနေတဲ့ အဒေါ်ကြီးဟာ မျက်နှာ
မှာ မျက်ရည်တွေအပြည့်နှင့်။

ရုံခန်းအပေါက်ဝလေးမှာ ရပ်ရင်း
အထဲက မောင်နှမနှစ်ယောက်ကို
သနားသလို ရပ်ကြည့်နေရှာတဲ့
လူသားလေးဟာ ဝမ်းနည်းနေပုံ
ရသည်။ထိုလူသားလေးမျက်နှာ
ကို ပဟေဋ္ဌိသဖွယ် ကျောင်းသား
ဂျောင်ကုက ငေးမောကြည့်နေခဲ့
သည်။

ထိုလူသားလေးက တိတ်တဆိတ်ပဲ
ရုံးခန်းရှေ့နားကနေ ပြန်ထွက်ခွာလာ
ခဲ့လိုက်သည်။ဂျောင်ကုလည်း ထို
လူသားလေးနဲ့ ခြေလှမ်းတွေ လိုက်
ညှိရင်း၊ ပုခုံးချင်းထိကာပဲ အပေါ်ရှိ
လှေကားတွေကို ဖြည်းဖြည်း တက်
သွားခဲ့လိုက်သည်။

အပေါ်ဆုံးထပ်ရဲ့ လှေကားထိပ်ဆုံး
မှာ မြင်နေကျကိုယ်ရှိန်ကိုယ်ဝါတစ်ခု
ကို ကျွန်တော်တို့ ထပ်တွေ့ဆုံခဲ့ပြန်
သည်။

ကျိန်းသေပေါက် အခန်း001က လူ။

ထူးခြားသည်က ထိုအခန်း001က
လူဟာ စတိုင်လ်ကျကျ လှေကားရဲ့
လက်ရန်းကိုမှီရင်း၊အသစ်ချွတ်ချွတ်
ဆေးလိပ်ကို ပါးစပ်မှာတေ့ထားခဲ့
ပေသည်။ကျွန်တော်တို့နှစ်ယောက်
အပေါ်ထပ်ကိုတက်လာမှာကို စောင့်
နေပုံရတဲ့လူဟာ ကျွန်တော်တို့ဘက်
ကိုလှည့်ရင်း၊စူးရှရှမျက်ဝန်းလှလှနဲ့
စိုက်ကြည့်လာသည်။

We Were Meant To BeWhere stories live. Discover now