ep 12

621 66 11
                                    

#Unicode

တညှောင်ညှောင်အော်မြည်နေတဲ့ကြောင်
ကလေးကို ရင်ခွင်ထဲထည့်၍ ထိုလူသည်
ချစ်ရသူအလာကို တည်ငြိမ်စွာ စောင့်နေ
ခဲ့သည်။

မပီမပြင်စကားသံလေးများ ကျယ်လာ
သည်။သူတို့ရန်ဖြစ်နေတယ်ဆိုတာများ
သိသာလွန်းပါသည်။လမ်းခွဲဖို့ပြောရင်း
တစ်ယောက်နှင့်တစ်ယောက်ကျောခိုင်း
ထွက်ခွာသွားကြမည့်ပုံကို မြင်ယောင်၍
သူ ကြောင်ကလေးကိုခနခနပြုံးပြမိ၏။

တအောင့်အကြာမှာ လမ်းမီးတိုင်တွေရဲ့
အလင်းဖြင့် ကိုယ်သိပ်မြတ်နိုးရပါသော
လူလေး၏မျက်ရည်စများကို မြင်တွေ့ရ
သည်။အသံမထွက်ဘဲငိုနေသောလူလေး
သည် ကိုယ့်ကိုဖြတ်ကျော်ကာ မမြင်ချင်
ယောင်ဆောင်သွားခဲ့သည်။

အဆောင်ကြီးဆီဝင်သွားပြီးမှ ပြန်ထွက်
လာပြန်သော လူကလေးကြောင့် ကိုယ်
တော်တော်အံ့သြသွားပြန်သည်။ကြောင်
လေးကို ပိုက်ထားရာမှ လွှတ်ပေးလိုက်
ပြီး၊ပိုချစ်ရသော ကြောင်လှလှလေးဆီ
ကိုယ် ပြေးလိုက်သွားမိသည်။

လက်ကောက်ဝတ်ကိုအမိအရ ဖမ်းဆွဲမိ
တဲ့အချိန်မှာ လှေကားထစ်ရဲ့ထိပ်ဆုံးကို
ကိုယ်တို့နှစ်ယောက် ရောက်ရှိနေခဲ့တော့
သည်။

လှေကားကို ငုံ့ကြည့်မိလျှင် မြင်ရမယ့်
မြင်ကွင်းဟာ လန့်စရာ။

အီဂျောင်ယိုသည် ကိုယ့်အမိန့်အတိုင်း
ကျောင်းသားလေးကို ဖမ်းခေါ်ဖို့ ဓား
ထက်ထက်တစ်ချောင်းနှင့်ခြိမ်းခြောက်
နေပုံရသည်။အလွန်တရာမှ ထိတ်လန့်
သွားသော ကျွန်တော့်ရှေ့က လူသားမှာ
အသံတစ်စုံတစ်ရာပင်မထွက်နိုင်၊အရင်
အံ့သြတုန်လှုပ်နေခဲ့ရှာသည်။

"ဂျောင် ..ကု .. ဂျောင်ကု!"

လက်ကောက်ဝတ်လေး ဖမ်းမိထားသော်
လည်း အချစ်ဆုံးလေးက လှေကားထစ်
အောက်ဘက်ဆီ အသည်းအသန်ပဲ ပြေး
ဆင်းသွားသည်။

ပြင်းထန်တဲ့ခြေသံလေးတွေ ကြားရတော့
ကျောင်းသားလေး၏ဝမ်းဗိုက်ဆီက ဓား
ကို ပြန်ယူ၍ အောက်ဘက်ကို ထွက်ပြေး
သွားသည့် အီဂျောင်ယို။

နှုတ်ခမ်းပါးမှ စီးကျလာတဲ့သွေးစအချို့
ဟာ ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြနေ
ခဲ့သည်။ဂျီမင်မှာ စိုးရိမ်မှုများ အဆုံးစွန်
ထိ ကျော်လွန်ကာ၊ ကျောင်းသားလေး၏
လဲကျတော့မည့်ကိုယ်ကိုအသည်းအသန်
အားနဲ့ ပြေးဖမ်းထားမိသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Jul 11, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

We Were Meant To BeOnde histórias criam vida. Descubra agora