ep5

617 98 12
                                    

#Unicode

သွေးကြောတွေကတစ်ဆင့် မိမိ၏
ဦးနှောက်ကို အသိပေးနှိုးဆော်နေ
တာက ယခုမြင်နေရတဲ့ကိစ္စကို
ဝင်မပါစမ်းနဲ့ဟူ၍ ..။
သို့သော် "ရပ်လိုက်!" ဟု အသံကျယ်
ကျယ် အော်ပြီးခဲ့ပြီဖြစ်သလို၊အခန်း
001 က လူကလည်း ကိုယ့်ကိုကြည့်
ရင်း လှောင်ရယ်နေလေပြီဖြစ်သည်။

အပြုံးတို့ တွဲလဲခိုနေတဲ့နှုတ်ခမ်းပါး
က အဘယ့်ကြောင့် ကြောက်စရာ
ကောင်းနေရလဲ ကျွန်တော် မသိ။
ဖြည်းဖြည်းလျှောက်လာနေတာ
မှန်ပေမယ့်၊ နီးလာလေလေ ပိုပြီး
ကြောက်ရွံ့မှုက မြန်မြန်ထွက်ပေါ်
လာလေဖြစ်တဲ့အခါ ၊ကျွန်တော်
ကမန်းကတန်းနဲ့ လက်သီးနှစ်ဖက်
တင်းတင်းဆုပ်ရပြန်သည်။

" ကယ် ..ကယ်ပါ .."

အီဂျောင်ယို၏ ကတုန်ကယင်
အသံညှင်းက ကျွန်တော့်နားထဲ
ကျယ်လောင်စွာကြားရသည်။

ကြမ်းပြင်ပေါ်မှာ မှောက်လျက်ဖြစ်
နေတဲ့ထိုလူ။ကိုယ့်ကို အားကိုးတကြီး
ကမ်းပေးနေတဲ့ သိပ်အလှမ်းမဝေး
တဲ့တစ်နေရာက လက်တစ်စုံ ။

အီဂျောင်ယိုဆိုတဲ့ အရူးဟာ ဒီလို
ပုံပျက်ပန်းပျက် ကြောက်ရွံ့လန့်ဖြန့်
ဖို့နေနေသာသာ ကိုယ်တွေကပဲ သူ့
ကို လန့်ခဲ့ရတာချည်း။အီဂျောင်ယို
သည် ဂျောင်ကု ဤအဆောင်ကို
ရောက်ရောက်ချင်းနေ့မှာလည်း
အခန်းထဲခိုးဝင်လာလို့ ဂျောင်ကု
နှင့် တစ်ခါစကားများဖူးခဲ့ပြီးပြီ။
ပိုင်ရှင်အဒေါ်ကြီးက ကြားကနေ
တောင်းပန်တာမို့ ဂျောင်ကုက
ခွင့်လွှတ်ပေးခဲ့ပေမယ့်၊အီဂျောင်ယို
ကိုမြင်တိုင်း နှာခေါင်းရှုံ့တတ်တဲ့
အကျင့်ဟာ ဂျောင်ကုဆီမှာရှိသည်။

"ဒီအဆောင်က စည်းကမ်းမရှိလိုက်
တာ ..ကျောင်းသားလေး ဆက်နေနေ
ရင် အကျင့်ပျက်တော့မှာပဲ "

အပြုံးလေးနဲ့တွဲဖက်ပြောလာတဲ့ သူ့
စကားက နားဝင်ချိုစရာဖြစ်ပေမယ့်
နားထဲမှာသံရည်ပူလောင်းထည့်ခံ
လိုက်ရသလိုမျိုး ကျွန်တော် ခံစားရ
သည်။

ဒင်းက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်
ကို ရောက်လာလေပြီ။
ကိုယ်ကိုကိုင်း၍အနားကို ဖြည်းဖြည်း
ကပ်လာတဲ့အခါ၊မသတီသလိုမျိုး
ကျွန်တော် အလိုလိုအသက်အောင့်
ထားလိုက်သည်။ကိုယ့်ရဲ့မျက်နှာ
နားကို ကပ်လာတဲ့ထိုလူဟာ အခုဆို
ပိုပြီးတောင် ကြောက်ဖို့ကောင်းသည်။

We Were Meant To BeWhere stories live. Discover now