ep 9

514 88 38
                                    

#Unicode

ဖဲမွေ့ယာလိုအိစက်ညက်ညောနေ
တဲ့ အိပ်ရာပေါ်မှာ လူသေးသေး
လေးတစ်ယောက် လှပနူးညံ့စွာ
အိပ်မောကျနေခဲ့သည်။

အခန်းပတ်လည်မှာ မွှေးရနံ့များ
ထုံလွှမ်းလျက်ရှိနေသည်။အပြာ
နုရောင် မျက်နှာကျက်များနှင့်
နံရံလေးတွေမှာ လက်တည့်စမ်း
သလို ရေးခြစ်ထားတဲ့ ကလေး
ပန်းချီအမြောက်အမြားနေရာယူ
နေခဲ့သည်။

အခန်းတွင်း ပရိဘောဂဆိုလျှင်
လူသေးသေးလေး အိပ်နေသော
ကလေးအိပ်ရာလေးတစ်ခုရယ်။
စားပွဲညိုလေးတစ်ခုရယ်နှင့် ။
လူတစ်ယောက်ထိုင်နေတဲ့ ခုံဝါ
လေးတစ်လုံးရယ်သာရှိသည်။

အခန်းမှာ လိုအပ်သည်ထက်ပို၍
ကျဥ်းကျပ်သည်။ပြတင်းမရှိဘဲ
အဝင်အထွက် တံခါးတစ်ချပ်သာ
ရှိနေသည်။

ရေဒီယိုလို ပစ္စည်းဟောင်းလေး
ဆီကနေ Cigarettes After sex
ရဲ့သီချင်းသံလေး ပျံ့လွင့်နေဟန်
ရှိသည်။ထိုသီချင်းလေးကို နှုတ်
ဖျားကနေ သံယောင်လိုက်ဆိုနေ
တဲ့ ရုပ်ချောချော စာဖတ်သူလေး
တစ်ဦးလည်း ရှိခဲ့သည်။

အချိန်ကြာလာတော့ ..။ကုတင်
ကျဥ်းကျဥ်းလေးပေါ်က လူသား
လေးဟာ အိပ်မရတော့ကြောင်း
ညည်းသံ တဟင်းဟင်းပြုတော့
သည်။လူးလိမ့်စရာနေရာမရတဲ့
အတွက် ကွေးကွေးလေးအိပ်နေ
ရသည့်လူသားငယ်ကို မနီးမဝေး
ဆီက ကိုလူချောက မေးထောက်
ရင်း ငေးစိုက်ကြည့်နေခဲ့သည်။

ဒုတိယညည်းသံပြုတဲ့ လူသားက
ဒီတစ်ခါ အတည် နိုးထလာချင်ပုံ
ရသည်မို့ ကိုလူချောတစ်ယောက်
ငေးကြည့်နေတဲ့ မျက်လုံးတွေကို
အရှိန်သတ်ပြီး၊ပေါင်ပေါ်တင်ထား
တဲ့ စာအုပ်လေးကိုသာ ပြန်ယူ၍
ငုံ့ဖတ်ဟန်ဆောင်လိုက်မိသည်။

Deviceလေး၏အသံချဲ့စက်ကို
အသာလေး လှည့်ကာ ကျယ်မိ
တော့ ၊သီချင်းသံဟာ လူသား
ငယ် အိပ်မရတော့သည်အထိ၊
အခန်းတွင်း ဆူညံသွားခဲ့သည်။

"ဟင့် ..."

ရှိုက်သံလေး ပေါ်လာသည်။
အိပ်မက်ဆိုးကြောင့် မျက်ရည်
တွေစီးကျနေတဲ့ ကောင်လေးက
သီချင်းသံနဲ့မှ အသေအချာကြီး
နိုးထလာခဲ့တော့သည်။

We Were Meant To BeWhere stories live. Discover now