#Unicodeဂျီမင်သည် ခပ်လန့်လန့်ပုံစံလေးနဲ့ပဲ
ထိုလူစိမ်း၏ အခန်းထဲရောက်သွား
ရသည် ။အဆောင်ခန်းတွေက
ပုံစံတူတွေ ထင်ပါ၏။ဒီအခန်းရဲ့
ရေချိုးခန်းသည်လည်း ဝင်ဝင်ချင်း
ဘယ်ဘက်ထောင့်မှာပဲ ဖြစ်သည်။" အမှန်တော့ ကိုယ် ဒီအဆောင်ကို
ပြန်မလာတာ ၂ ပတ်ရှိပြီလေ ..
ဒါကြောင့် အဒေါ်ကြီးက ၊မင်းကို
ဒီအခန်းကရေချိုးခန်း သုံးခိုင်းလိုက်
တာဖြစ်မယ် .."ဂျီမင် အားနာစိတ်တွေတိုးသွားကာ
ထိုလူကို မော့ကြည့်နေမိသည်။
ဘယ်သူကများ ကိုယ့်အခန်းကို
တခြားလူ ဝင်လိုက်ထွက်လိုက်
လုပ်တာကို ကြည်ဖြူနိုင်ပါ့မလဲလေ။
ဒီလူက သဘောကောင်းလွန်းလို့။
ဒီလူ နေရာမှာ ကျွန်တော်ဆိုရင် ၊
ကိုယ့်အခန်းသော့ကို သူများဆီ
လွယ်လွယ်ပေးရမလားဆိုပြီး
ပိုင်ရှင်အဒေါ်ကြီးဆီမှာ သွား
သောင်းကျန်းနေလောက်မည် ။ဒီလူကို အားနာလိုက်တာ ..
" ဒီအခန်းကိုလူမရှိဘူးပဲ ထင်ခဲ့လို့
ကျွန်တော်လည်း အခန်းသော့ကို
ယူခဲ့မိတယ် .. ဟို ..
တောင်းပန်ပါတယ်နော် .."ဂျီမင်သည် မျက်နှာကို အောက်ချ၍
တောင်းပန်လိုက်တဲ့အခါ ထိုလူက
အားနာသွားဟန်နဲ့ ပြာပြာသလဲ
ပြန်ငြင်းပေးသည် ။" မဟုတ်တာပါ .. ဒီကိစ္စလေးနဲ့
ကိုယ့်ကို တောင်းပန်စရာမလိုပါဘူး
ဂျီမင်ရှီ ~"ဂျီမင်သည် နှုတ်ခမ်းလေးဆူရင်း
ခေါင်းကို ငုံ့ထားသည် ။ပြီးတော့
ပွစိ ပွစိနဲ့ တစ်ခုခုကို ရွဲ့စောင်းပြော
နေလေသည် ။" ဒါ ..အဒေါ်ကြီးကြောင့်.."
တိုးတိုးလေးဆိုမှ တကယ့်ကို
တိုးတိုးလေး ဂျီမင် ရေရွတ်တဲ့
စကားကို ရှေ့ကလူက ကြားသွား
ပြန်တော့ ၊အသည်းယားသလိုမျိုး
ထပ် ပြုံးလိုက်သေးသည် ။ထိုလူ
သည် တစ်ချိန်လုံး ဂျီမင် ဆီကနေ
တခြားကို အကြည့်မလွှဲတတ်ပေ ။" အဲ ..အဒေါ်ကြီးအီမီဆုလည်း
ဂျီမင်ရှီဒေါသထွက်မှာကို စိတ်ပူ
နေတယ်သိလား .. အဒေါ်ကြီးကို
ဂျီမင်ရှီကပဲ နားလည်ပေးပြီး
ခွင့်လွှတ်လိုက်ပါဦး နော် .."
YOU ARE READING
We Were Meant To Be
RomanceI need your help to escape from this hell 💬 Jikook fiction ❣️ Both Unicode and zawgyi 🌈