ep 11

511 71 23
                                    

#Unicode

ဂျီမင်သည် 001 က လူငယ်၏ရင်ဘက်
က အင်္ကျီအစ,လေးကို ဆွဲချေထားခဲ့မိ
သည်။001က လူငယ်ကလည်း ဂျီမင်၏
ခါးအောက်ပိုင်းကို တင်းတင်းကြပ်ကြပ်
ပွေ့ဖက်ယူထားခဲ့သည်။

​လျှာဖျားလေးအား ကျွမ်းကျင်အဆင့်
ထိ အသုံးချတတ်သော 001  လူငယ်ရဲ့
အနမ်းများ​ကြားမှာ ၊ဂျီမင် ခမျာလည်း အဆုံးစွန်ထိအားအင်ယုတ်လျော့လာခဲ့
သည်။

001 သည် ဂျီမင်၏ကိုယ်လုံးသေးသေး
ကို ​ငှက်မွှေးတောင်သဖွယ်ပေါ့ပေါ့ပါးပါး
ပွေ့ချီလိုက်ပြီး၊အရင်ဆုံး ဘေစင် ဘောင်
ပေါ် ဂျီမင်၏တင်ပါးကို နေရာချသည်။
ပြီးမှဂျီမင်၏ခြေထောက်နှစ်ဖက်စလုံးကို
သူ့ခါးထက်မှာ တွယ်ချိတ်စေခဲ့သည်။

မောနေတဲ့ ဂျီမင်ဟာ သူ့နှုတ်ခမ်းဖူးလေး
ဟစိဟစိနဲ့ အသက်လုရှူနေရသည်။001
သည် အနမ်းကို အရင် လက်စသပ်လိုက်
ပြီး ၊သူ့မေးဖျားကို ဖျက်ခနဲနမ်းလိုက်ကာ
ကိုယ်ကို နောက်ဆုတ်ပေးသည်။ဂျီမင်၏
ခါးသိမ်သိမ်ကို လက်နှစ်ဖက်နှင့် မ,ချီပေး
ပြီး အောက်သို့ ညှင်ညှင်သာသာလေးပြန်
ချပေးသည်။

"ကိုယ့်ကို ဘာလို့မတွန်းထုတ်ခဲ့တာလဲ"

"တွန်း...တွန်းထုတ်ခဲ့တာပဲကို .."

"အာ... နမ်းတုန်းက ခင်ဗျားလေး ပိုပြီး
စိတ်ပါနေတာ မဟုတ်ဘူးလား .."

"ကျွန်တော် သွားရတော့မယ်"

ဂျီမင်သည် အဆင်သင့် ကျောခိုင်းလိုက်
ပြီး မျက်နှာလွှဲလိုက်သည်။

"ကျောင်းသားလေးနဲ့ လမ်းခွဲမယ်မလား"

ဂျီမင်သည် ဘာအဖြေမှမပြုဘဲဒီအတိုင်း
ထွက်သွားဖို့ ကြိုးစားလိုက်သည်။မရ။

"ကိုယ့်ကို ဘယ်လိုသဘောထားနေတာ
လဲ ခင်ဗျားလေး..ကိုယ်တို့ နမ်းခဲ့ကြပြီးပြီ
မဟုတ်လား.."

လက်မောင်းကို ဆွဲယူသည့်လက်ချောင်း
များကို ဂျီမင် ပြန်ငုံ့ကြည့်ခဲ့ရသည်။

"ကိုယ့်ကို ဘာလို့နမ်းခဲ့တာလဲ ​.."

ထိုလူ့အသံ တုန်ရီနေသည်ဟုထင်သည်။

"ဖြေလေ ..ကိုယ့်ကို သေချာဖြေ"

"ဒီအတိုင်း...၊ ရုန်းဖို့အားအင်မရှိလို့ ..
ပြီးတော့ ခန အသိစိတ်လွတ်သွားလို့ "

We Were Meant To BeWhere stories live. Discover now