#Unicodeကိုယ်ပေါ်ဝတ်ဆင်ထားတဲ့
ချောင်ချိချိ တီရှပ်အဝါလေးပင်
ချွေးတွေနဲ့ နင့်ကာ ကျောပြင်နဲ့
ရင်ဘက်မှာ ကပ်နေလေသည်။အသုံးအဆောင်ပစ္စည်းအပြည့်အစုံ
ထည့်ထားတဲ့ Luggage အိတ်လေး
ကို ဘယ်လက်၊ညာလက် လွှဲပြောင်း
ဆွဲလာရင်း ရှေ့ကို တရွေ့ရွေ့
လျှောက်လှမ်းနေသည်။
သို့သော် သွားမည့်နေရာဆီ မရောက်
ခင် အခက်အခဲတစ်ခု ထပ်တွေ့
ရလေသောကြောင့် ဂျီမင် ဟာခနဲ
အော်၍ ညည်းညူမိသေးသည်။
များပြားလှတဲ့ လှေကားထစ်ကြီး
တွေ က မျက်စိအရှေ့ စိတ်ပျက်ဖို့
ကောင်းအောင် တည်ရှိလို့နေခဲ့
သည် ။မိုးရာသီဖြစ်တာကြောင့်
စိုစွတ်စွတ်နဲ့ ချော်နေတဲ့လှေကား
တွေက အမြင်နဲ့တင် တက်ချင်စရာ
မရှိ။" တော်တော်ဝေးတဲ့ အဆောင်
ပါလား "ညည်းညူတုန်းရှိသေးခိုက်မှာပဲ
ဂျီမင် တစ်ယောက် မိုးကောင်းကင်
ကို မော့ကြည့်၍ မျက်လုံးပင်
ပြူးသွားသည် ။အကြောင်းမှာ
မိုးတိမ်မဲမဲတွေက ရုတ်တရက် ပိုပြီး
အုံ့ဆိုင်းလာတာကြောင့် ဖြစ်၏။မဖြစ်ဘူး ..မဖြစ်ဘူး ။
ဘယ်လောက်မောနေပါစေ ..ဒီမှာပဲ
ရပ်နေလို့ကတော့ မိုးမိမှာပဲ ။စိတ်ကို အားတင်းလိုက်ရင်း ၊
တဖန် လူသစ်တစ်ယောက်လို
တက်တက်ကြွကြွ ဖြစ်အောင်၊
ဂျီမင် ၊နှုတ်ခမ်းထက်ဝယ် အားတင်း
သည့် အပြုံးကိုပီပြင်အောင် ပြုံး
ကြည့်လိုက်သည် ။မသိရင် ရှေ့က လှေကားထစ်ကြီး
တွေကို အားရပါးရ ပြုံးပြနေသလို။" အဟမ်း ! "
ရှေ့သို့ ခြေတစ်လှမ်း လှမ်းရုံရှိသေး
ခိုက်မှာ ၊မိမိ၏ပခုံးတစ်ဖက်ကို
နောက်က တစ်ယောက်ယောက်က
အသာတို့ထိရင်း ခေါ်နေတာကို
ဂျီမင် သတိထားမိလိုက်သည် ။ဆက်ခနဲ သူ နောက်လှည့်ကြည့်
လိုက်တော့ သူ့ကို ခေါ်နေတဲ့ လူ
က သူနဲ့ အတော်နီးနီးရောက်နေ
သည်ကို ဂျီမင် မြင်လိုက်ရတာ
ကြောင့် ၊လန့်ဖြန့်ပြီး ကိုယ်ပင်
တွန့်ခနဲ ဖြစ်သွားသည် ။ဤလူသည် အနည်းဆုံးအသက်
၄၀ နား ကပ်မည့်အရွယ်ပင် ။
သို့သော်လည်း ဝတ်ထားတဲ့
ဝတ်စုံကို တစ်ချက်အကဲခက်
လိုက်ရင်း ဂျီမင် ထိုလူနဲ့ ဝေး
အောင် နည်းနည်းနောက်ဆုတ်
လိုက်သည် ။ ထိုလူသည် ခါး
အောက်ထိ ရှည်တွဲကျနေသည့်
စွပ်ကျယ် မီးခိုးရောင်ကို အားကစား
ဘောင်းဘီအတို အပြာရောင်နဲ့
တွဲဝတ်ထားသည် ။ပြီးနောက်
ထိုလူသည် သူ့လက်မောင်းတစ်ဖက်
ကိုသူ ခနခနပွတ်သပ်နေသည်။
YOU ARE READING
We Were Meant To Be
RomanceI need your help to escape from this hell 💬 Jikook fiction ❣️ Both Unicode and zawgyi 🌈