ep6

588 113 19
                                    

#unicode

အိမ်အပြန်လမ်းဟာ အတွေးနယ်ချဲ့
ဖို့ အကောင်းဆုံးအချိန်တစ်ခုပင်။

"ငါတွေ့ဖူးတဲ့ အလုပ်သင်တွေထဲ
မင်းက အညံ့ဆုံးပဲ .."
"အရင်က ကော်ဖီ မဖျော်ဘူးလို့
ထင်တယ် ..ဒီလိုဆိုးတဲ့အရသာမျိုး
တစ်ခါမှ မတွေ့ဖူးဘူး .."
"မင်းနေတဲ့ အဆောင်က ဆိုးလ်
ကရော ဟုတ်ရဲ့လား ..ငါတို့တော့
မကြားဖူးပါဘူး .."
" ဘူဆန်သားလေး ..အလုပ်ကို
ဒီလိုပဲ နမော်နမဲ့လုပ်နေမှာလား..
ကျစ် ..ငါတို့ သူဌေးကတော့ ဒီလို
လူမျိုးကို ဘာလို့ချက်ချင်းခန့်ရတာ
လဲ မသိဘူး "

အလုပ်တက်တဲ့နှစ်ရက်အတွင်းမှာ
ချက်ချင်း အလုပ်ထွက်ချင်အောင်
လုပ်နိုင်တဲ့ စီနီယာကြီးတွေအား
ဂျီမင် မည်သို့ဆက်ဆံရမလဲ မကြံ
တတ်တော့ပေ။

အထက်တန်းတုန်းက အနိုင်ကျင့်ခံရ
တဲ့ ပုံမျိုးနဲ့တော့ ကွာခြားလာပါရဲ့ ။
အခုကကျ စကားနဲ့ပဲ လူကို ညှင်း၍
ဖြည်းဖြည်းနှိပ်စက်နေသလိုမျိုး ၊
မသေမချင်း ညှင်းဆဲနေမယ့်ပုံမျိုး။

အလုပ်ခွင်မှာ အဆင်မပြေခဲ့သမျှကို
အိမ်အပြန်လမ်းမှာ တွေးတောရင်း
သက်ပြင်းချရသည်က နောက်ထပ်
ပိုလာတဲ့တာဝန်တစ်ခု ဖြစ်နေခဲ့၏။

ညနေစောင်းအချိန်မို့ မှောင်ရိပ်သန်း
နေပြီး လမ်းမီးတိုင်တွေ ထိန်လင်းနေ
လျက်ရှိသည်။

ဂျီမင်သည် အပေါ်ဆုံးလှေကားထစ်
လေး တက်ပြီးတဲ့အခါ ၊ညောင်းညာ
သွားတဲ့ မိမိခြေထောက်ကို လက်သီး
ဆုပ်နဲ့ ထုနှပ်နေရရှာသည်။

ဒီလှေကားအထပ်တွေက နည်းမှ
မနည်းပဲလေ ..။

ညှောင် ~~

လှုပ်တုပ်လှုပ်တုပ်နဲ့ လျှောက်လာတဲ့
ကြောင်ကလေးတစ်ကောင်ကို ဂျီမင်
လိုက်ကြည့်မိသွားသည်။

ထိုစဥ်ပဲ အဝါရောင်ကြောင်ငယ်လေး
က သူရပ်နေတဲ့ အနားကိုလာပြီး ..
အမြီးကို ဖြောင့်နေအောင် ထောင်
ထားကာ ခေါင်းလေးကို ရှူးဖိနပ်
ထိပ်နဲ့ ပွတ်၍ လာချွဲနေလေသည်။

"ဟျောင့် ..ဗိုက်ဆာလို့လား .."

ဂျီမင် ထိုကြောင်ဝါလေး၏ခေါင်း
ကို ညှင်သာစွာပွတ်ပေးရင်း လှမ်း
မေးလိုက်သည်။

We Were Meant To BeWhere stories live. Discover now