ep 8

534 85 25
                                    

#Unicode

အဆောင်ရဲ့ညစ်စုတ်စုတ် မီးဖိုခန်း
လေး၌ လျှပ်စစ်မီးလုံးဝါဝါက မှိန်
တစ်လှည့်၊ လင်းတစ်လှည့် ဖြစ်နေ
သည် ။အချိန်အားဖြင့် ည ၁ နာရီ။
ဒဏ်ရာတွေ ဆေးထည့်ပြီးဖြစ်တဲ့
အီဂျောင်ယိုသည် ညလယ်ခေါင်မှ
ဗိုက်ဆာတယ် ဆိုသဖြင့် အစ်မဖြစ်
သူ အဒေါ်ကြီးအီမီဆုက သူမမောင်
အတွက် မီးဖိုချောင်ဆီ ဝင်လာကာ၊
ခေါက်ဆွဲပြုတ်ပေးနေခဲ့သည်။

" အမေ့!"

ရုတ်တရက် မိမိဘေးနားမှာ လာရပ်
လိုက်တဲ့ ခပ်မှောင်မှောင် လူရိပ်
ကြောင့် အဒေါ်ကြီးတစ်ယောက်
ထိတ်ခနဲစိတ်လှုပ်ရှားသွားသည်။

စားပွဲဝိုင်းမှာ အသံတိတ်ထိုင်နေတဲ့
သူမမောင်ဟာ ဘေးက နံရံကိုခေါင်း
မှီပြီး အိပ်ငိုက်နေလျက်ရှိသည်။

ဘေစင်က ရေကို ဖွင့်ချကာ စွပ်ထား
တဲ့ သားရေလက်အိတ်ကို ချွတ်လိုက်
ရင်း သူမဘေးမှာ လက်ဆေးနေခဲ့တဲ့
အခန်း 001 က ကောင်လေးကို သူမ
စူးစူးစိုက်စိုက် လိုက်ကြည့်မိသည်။

မိုးကာ အမည်းရောင်။
လျှာထိုးဦးထုပ် အမည်းရောင်။
ရှူးဖိနပ် အမည်းရောင် ။
သားရေလက်အိတ် အမည်းရောင်။
ပြီးတော့ Mask အမည်းရောင်။

ကြည့်ရတာ လူသတ်ခဲ့ပုံရပါသည်။

သူမသည် စိတ်မဝင်စားသလို တစ်
ဖက်ကိုလှည့်လိုက်ရင်း၊ ကျက်သွား
ပြီဖြစ်တဲ့ အသင့်စားခေါက်ဆွဲကိုပဲ
ပန်းကန်လုံးထဲ ပြောင်းထည့်နှင့်ခဲ့
သည်။

"ဂျောင်ယို ..ခေါက်ဆွဲရပြီ .."

အိပ်ငိုက်နေတဲ့ သူမမောင်က သူမ၏
အသံကျယ်ကျယ်ကြောင့် ဆက်ခနဲ
ကုန်းရုန်းနိုးထလာသည်။

"ကျွန်တော် ဘယ်ကပြန်လာလဲ အခု
မမေးတော့ဘူးပေါ့ .."

သူမသည် အခန်း001က ကောင်လေး
ကို မသိချင်ယောင်ဆောင်ရင်း သူမ
မောင် အီဂျောင်ယိုထိုင်နေတဲ့စားပွဲမှာ
အေးဆေးစွာ ဝင်ထိုင်ခဲ့လိုက်သည်။

"ကျွန်တော် လူသတ်ခဲ့တယ် .."

အဒေါ်ကြီးက သိပြီးသားဆိုတဲ့ပုံစံ။
ခေါက်ဆွဲပန်းကန်လုံးထဲ ခေါင်းဝင်
မတတ်၊ ငုံ့စားနေတဲ့ သူမ၏မောင်
အီဂျောင်ယိုကိုပဲ မေးထောက်ရင်း၊
စောင့်ကြည့်နေခဲ့ပြန်သည်။

We Were Meant To BeWhere stories live. Discover now