ep 10

491 77 37
                                    

#Unicode

မေးဖျားလေးကို ဆွဲမော့လိုက်တဲ့အခါ
မာန်တင်းတဲ့မျက်နှာငယ်က ချက်ချင်း
လက်ငင်း ပျက်ယွင်းလို့ သွားသည်။

အဘယ်ကြောင့် ကိုယ့်ကို သိပ်မုန်း
ပါသနည်း။အရင်တုန်းက ကိုယ့်ကို
မင်း လှလှလေး ပြုံးပြဖူးပါသည်။

ဒီအပြုံးပိုင်ရှင်လေးက ကျွန်တော့်
ကိုဆို သိပ်တွန့်တိုသည်။သူချစ်တဲ့
ကျောင်းသားလေးနဲ့ကျ အချိန်တို
လေးအတွင်း အဆင့်တွေတက်လို့။

ကျွန်တော်နဲ့ကျ စက္ကန့်ပိုင်းမျှနမ်းခွင့်
လေးတောင် မပေးချင်ဘဲ ၊မျက်နှာ
လှလှလေးက ရှောင်ဖယ်ဖို့ ကြိုးစား
နေတော့သည်။

" ကျောင်းသားလေး .. အာ ..မင်း
ခေါ်တဲ့ အခေါ်အဝေါ်လေးနဲ့ဆိုရင်
'ကုကီ'.."

စိတ်တိုင်းမကျတဲ့ မျက်ဝန်းလေးက
လူကို ဖျက်ခနဲ တစ်ချက် မော့ကြည့်
သည်။

"ကုကီ ? ကုကီ ဘာဖြစ်လို့လဲ?"

စိုးရိမ်ပူပန်သွားရှာတဲ့မျက်နှာလေးက စိတ်ရှည်လက်ရှည် စ,နောက်ပစ်ဖို့သာ
ကောင်းသည်။

"​အရင် မင်းကိုနမ်းချင်သေးတယ်.."

ကျွန်တော် သူ့မျက်နှာငယ်ကို လက်
နှစ်ဖက်နဲ့ကိုင်အုပ်ပြီး နှုတ်ခမ်းနီနီဆီ
ဖိကပ် နမ်းပစ်ဖို့ကြိုးစားသည်။

"ဟင့်အင်း မထိနဲ့!"

ကိုယ့်ကိုအနိုင်ယူဖို့ဆို သိပ်တက်ကြွ
တဲ့ ကောင်ကလေး။ကိုယ့်ရင်ဘက်ကို
တွန်းထုတ်ပစ်တဲ့ လက်လေးများဟာ
အားသိပ်ရှိတော့ ခက်ချေပါပြီ။

နာသွားလိုက်တဲ့ နှလုံးသားလေးကို
ဒင်းကလေး မြင်နိုင်အောင် ခွဲပြချင်
လာတော့သည်။

" မင်းရဲ့ 'ကုကီလေး'ကို မကယ်ပေး
ချင်ဘူးလား .."

"ခင်ဗျားရဲ့ ရွံစရာနှုတ်ခမ်းက 'ကုကီ'
ကို ခနခန ခေါ်မနေနဲ့!"

စွာတေးလန်နေတဲ့ ဒင်းကလေးဟာ
ကျွန်တော့်ကို ပက်ခနဲ ပက်ခနဲရန်ပြန်
တွေ့တတ်သည်။ဒါပေမယ့် ဘယ်လို
လုပ်ရပါမည်နည်း။သူ ရန်တွေ့တဲ့ပုံစံ
လေးကို ကျွန်တော် ပိုချစ်နေမိပြန်ပြီ။

We Were Meant To BeWhere stories live. Discover now