ep4

733 118 27
                                    

#Unicode

" ဟယ် ..ဘယ်လိုဖြစ်တာတုန်း!
ဒီကောင်လေးကို မင်းက ဘာလို့
ကုန်းပိုးလာတာလဲ .."

လူထက် အသံက အရင်ရောက်
လာတဲ့ အဒေါ်ကြီးအီမီဆုကြောင့်
ငြိမ်သက်နေတဲ့ သူတို့ရပ်နေသည့်
ဤနေရာဟာ တစ်ဖန်အသက်ဝင်
သွားရသည်။အဒေါ်ကြီးသည်
လေစိမ်းများ တိုက်နေတဲ့ ဤ
ကျောင်းသားနဲ့ လူငယ်တို့ရဲ့
အခြေအနေတွေကို ရိပ်မိသည့်
အလား၊အနားကို အမြန်ရောက်
လာပြီး မျက်နှာတွေကို အလျင်
အကဲခက်ကြည့်သည်။

" အေးရတဲ့ကြားထဲ ဒီမှာရပ်မနေ
ကြနဲ့ကွယ် .. ဒါနဲ့ ဒီကောင်လေးက
တော်တော်မူးနေတာလား ??
လာ လာ ရုံးခန်းထဲလိုက်ခဲ့ ..
သူ့ကို ငါ့ အားဖြည့်အချိုရည်
တိုက်ရမယ် .."

သူမက ကျောင်းသားဂျောင်ကုကို
အမြန်လိုက်လာခဲ့ဆိုတဲ့ အမူအရာ
ပြကာ၊လူငယ်ရှေ့ကနေ ထွက်သွား
ဖို့ စီစဥ်ရတော့သည်။လူငယ်က
သူမ ကိုလည်း မကြည့်သည့်အပြင်
ကျောင်းသားဂျောင်ကုကိုလည်း
မကြည့်။ကျောင်းသားလေးရဲ့
လည်ပင်းကို သိုင်းဖက်တွယ်ကာ
ကျောပြင်ပေါ် ဇိမ်ကျနေတဲ့ အမူး
သမားလေးကိုသာ ငေးကြည့်နေခဲ့
သည်။

ရုံးခန်းထဲ ရောက်လာသည့်အခါ
မူးရူးနေတဲ့ကောင်ငယ်လေးကို
အလယ်က ဆိုဖာအညိုရောင်ကြီး
ပေါ်၌ ဂျောင်ကု အသာအယာ
ချပေးလိုက်သည်။ကုန်းပိုးပြီး
လှေကားအများကြီး တက်ထားရ
တဲ့အတွက် ကျောင်းသားလေးက
သူ့ပခုံးသူ လက်သီးဆုပ်နဲ့ ထုရင်း
အမောဖြေလို့နေသည်။

ring ...ring ...ring

ကျောင်းသားလေးရဲ့အိတ်ကပ်ထဲက
ဖုန်းမြည်သံကြောင့် အကုန်လုံး ထို
ဖုန်းလေးကို အာရုံပြုမိကြသည်။
ဂျီမင်သည် အဒေါ်ကြီး တိုက်သည့်
အချိုရည်တွေကို မော့သောက်ရင်း
ခြေပစ်လက်ပစ် လှဲနေလေသည်။

" ဟေ့ရောင် ..မင်း ဘယ်တော့လာ
မှာလဲ ဂျောင်ကု "

သူငယ်ချင်းတွေရဲ့အသံကိုကြားမှ
ဂျောင်ကုသည် ၊ယနေ့ညတွင် သူတို့
အတူတူ ဂိမ်းဆော့ဖို့ ဂိမ်းဆိုင်မှာ
ချိန်းထားသည်ကို သတိရမိသည်။

" အာ ..ဟုတ်သား။ငါ ..ငါ
အခု လာခဲ့မယ် ..အခုလာပြီ "

ဂျောင်ကုသည် လွယ်အိတ်လေးကို
သေချာပြန်လွယ်ရင်း ထွက်သွား
မလို့လုပ်ပြီးသော်လည်း၊ဆိုဖာပေါ်
ခွေခွေလေး လဲကျချင်နေတဲ့ အမူး
သမားကိုကြည့်ရင်း စိတ်မဖြောင့်။

We Were Meant To BeWhere stories live. Discover now