first love ep12

266 12 3
                                    

အခန်း(၁၂)
Zawgyi+unicode

အိမ်ထဲကို ပြန်ရောက်ချင်းပဲ မင်းခန့်မြင်လိုက်ရတာက အထုတ်တွေနဲ့အတူ အိမ်ရှေ့ခန်းမှာထိုင်နေသောအမေဖြစ်သူကိုတွေ့လိုက်ရတာပါပဲ။ မင်းခန့် ကို သူ၏အမေမြင်သည်နှင့်ချက်ချင်းပဲ သားဖြစ်သူနားသိူ့သွားကာ 

“သား ရယ် အမေဖြင့် စောင့်လိုက်ရတာ “

“ဘာဖြစ်လို့လဲ အမေ အထုတ်ပိုးတွေနဲ့ ဘယ်သွားမလို့လဲ “

“သားကို အမေစောင့်နေတာ အမေ  သားအဘွားဆီတစ်လကျော်လောက်သွားနေရမယ် သူကျန်းမာရေးမကောင်းဘူးဆိုပြီး မင်း အဒေါ် ဖုန်းဆက်လို့ “

“သားရောလိုက်ခဲ့ရမှာလား”

“သားလိုက်လို့မှမဖြစ်တာ ကျောင်းတက်နေတာကို သား ဇိုးဇန်တို့အိမ်မှာသွားနေရမယ်။ အမေ့သူငယ်ချင်းကို သားကို အကုန်ဂရုစိုက်ပေးဖို့ မှာကြားထားပြီးသား အဲ့တော့ သားလိုတာယူ ပြီးရင် အဲ့ အိမ်သွားမယ်။

“အမေကလည်း ကျွန်တော်ကလေးမှမဟူတ်တာ တစ်ယောက်တည်းနေနိုင်ပါတယ်”

မရဘူး သား တစ်ယောက်တည်း တစ်လကျော်နေရမှာကြီး အမေစိတ်ချလက်ချ အဘွားနားမှာနေချင်တယ် သား လုပ်စရာရှိတာသွားလုပ်တော့ အမေ အချိန်မရှိဘူး။

ထိုစဉ် ဇိုးဇန်တို့အိမ်တွင်  

“ဘယ်သူ အိမ်လာမယ်လို့ အမေပြောလိုက်တာ “

“မင်းခန့်လေ သားရဲ့ ဘာလို့ အလန့်တကြားဖြစ်နေတာတုန်း သူစိမ်းတွေလည်းမဟုတ်”

“အမေကလည်း သားတို့ အိမ်မှာ အခန်းလွတ်မရှိဘူးလေ လွတ်တဲ့ခန်းကို ပစည်းတွေ သိမ်းထားတာ ဖုန်တက်နေတဲ့ ခန်းဖြစ်နေပြီကို ……’

“သြော် သားရယ် သား အခန်းရှိတာပဲ ..”

 အမေဖြစ်သူရဲ့ စကားမှာတင် ဇိုးဇန် စွံအသွားလေသည်။ ဘာဆက်ပြောလို့ ပြောရမှန်းမသိတဲံ အခြေနေကို ရောက်နေတဲ့ချိန်မှာတင် မင်းခန့်နဲ့သူ့အမေအိမ်ရှေ့သို့ရောက်လာသည်။ ဇိုးဇန်သား မဆိုးရဘူး ကိုယ့်ညီလေး မရင်းနှီးတာလည်း မဟုတ်တာကို အဲ့လို ကိုယ့်အခန်းမမျှချင်တဲ့ပုံစံမလုပ်နဲ့..။

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now