အခန်း(၉)
Zawgyi+unicode
သူတို့ အုပ်စုလိုက် အဖိုးအိမ်ရောက်သွားတယ်ဆိုရင်ပဲ အားလုံးအံ့သြသွားရပါသည်။ အကြောင်းရင်းကတော့ အဖိုးအဖွားတွေ 6ယောက်၇ယောက် ဝန်းကျင် အုပ်စုဖွဲ့ အတူတူသီချင်းတီးတဲ့သူက တီး ဆိုတဲ့သူကဆို ကတဲ့သူက က နဲ့ ပျော်ရွှင်စွာ ညစာစားပွဲကို ကျင်းပနေကြလို့ပါပဲ။ သူတို့ ကို ကြိုပြောပြ ထားပေမယ့် အဲ့လောက်လို့တော့ မတွေးးထားမိတာအမှန်ပါ။ ဒီလိုနဲ့ သူတို့လဲရောက်သွားတော့ အားလံုးက ဝမ်းပန်းတသာ ကြိုဆိုကြပါတယ်။ သူတို့ ယူလာတဲ့စားစရာတွေနဲ့ ထပ်ပြီး စားသောက်ပျော်ပါးရင်း သူတို့ ပါရောက်လာကြတော့ ပွဲလေးက ပိုအသက်ဝင်သွားကြတာပေါ့။
မင်းခန့် က တစ်ယောက်တည်း စားသောက်ရင်းထိုင်နေပြီး ကျန်တဲ့သူတွေအကုန်လုံးကတော့ အဖိုးအဖွားတွေနဲ့လိုက်ကကြပေါ့။ အင်း ထက်နောင်နဲ့ ဝင့်ဝါရဲ့ အတွဲညီညီက ကွက်တွေက အဖိုးအဖွားကိုပိုလို့ပျော်ရွှင်စေပြီး နိုင်နိုင်က တော့ ဂျူနီယာကောင်လေးတွေနဲ့ တွဲကလို့ပေါ့ နှင်းခက်နဲ့ ဇိုးဇန်နဲ့က စားစရာ အကင်တွေကို ကင်ပေးနေလေတယ်။ မင်းခန့်တစ်ယောက်တည်း ထိုင်စားနေရင်း အကင် ကင်နေတဲ့ ဇိုးဇန်နဲ့ နှင်းခက်တို့
နှစ်ယောက်ကို ကြည့်နေမိတယ်။ သူ့စိတ်ထဲ မှာ သူတို့နှစ်ယောက်လိုက်ဖက်တယ်လို့ ထင်နေမိတယ် ။ အဲ့လိုထင်နေတုန်းမှာပဲ စိတ်က ဝမ်းနည်းလာတော့ သူ အကြည့်ကို လွှဲလိုက်တယ်။ သူ အကြည့်လွှဲလိုက်တဲ့ဘက်က နိုင်နိုင်ရှိနေတဲ့ဘက်ဖြစ်ပြီး နိုင်နိုင်က သူ့ကို စိုက်ကြည့်နေလေသည်… နိုင်နိုင်က အကြည့်ချင်းဆုံနေရာမှ သူ့နားကို ရောက်လာပြီး…..
“တစ်ယောက်တည်း မပျင်းဘူးလား”
နိုင်နိုင်ဘက်က စကားအရင်စလိုက်တော့ တယ်။
“အင်း မပျင်းပါဘူး”
“ ဒါနဲ့ ဇိုးဇန်နဲ့ ဘယ်လိုရင်းနှိးတာလဲ ရင်းနှီးတာကြာပြီလား ရောဂါအကြောင်းတောင် သိနေတယ်ဆိုတော့”
နိုင်နိုင် မင်းခန့်နဲ့ဇိုးဇန်ရဲ့ အကြောင်းကို ဗြူန်းစားကြီး ရုတ်တရက်ထမေးလိုက်လေသည်။ မင်းခန့်က အအေးခွက်ကို
YOU ARE READING
First Love ( ကျွန်တော်ရဲ့အချစ်ဦး)
Romance👬အိမ်နီးချင်းကောင်လေးနှစ်ယောက်၊ မိဘတွေချင်းရင်းနှီးလို့ ငယ်ငယ်လေးထဲကအတူတူကြီးပြင်းလာတဲ့ကောင်လေးနှစ်ယောက်ရဲ့ romantic အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်စွာတစ်ယောက်တည်းပဲနေတတ်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာကို သေချာလက်ခံနိုင်ဖို့ ခက်ခဲတဲ့ က...