First love ep3

479 23 1
                                    

အခန်း (၃)

ဒီနေ့တော့မင်းခန့်အိမ်ကနေ အစောကြီးကျောင်းသို့သွားရန်ထွက်လာသည်။ အိမ်ကနေ ကားမှတ်တိုင်သို့ လမ်းလျောက်လာတဲ့တစ်နေရာမှာ ကော်ဖီဆိုင်လေးတစ်ဆိူင်ရဲ့ရှေ့က ဖြတ်အလျောက်သူ့ခြေလှမ်းတွေရပ်လိုက်သည်။

ဒီဆိုင်က သူငယ်ငယ်လေးထဲက စားလာတဲ့ဆိုင်လေးဖြစ်တာကြောင့် မုန့်တွေရဲ့အရသာကို သေချာသိသလို ဆိုင်ရှင်နဲ့တောင် ရင်နှီးနေပြီးသားဖြစ်နေလေသည်။မင်းခန့်ဆိုင်ထဲ ဝင်လိုက်တော့ အရင်မြင်နေကျ မျက်နှာမဟုတ်တဲ့ကောင်မလေးတစ်ယောက်ကသူ့ကိုကြိုဆိုနေလေသည်။ဆိုင်ပိုင်ရှင် ဝန်ထမ်းအသစ်ခန့်လိုက်လေပြီလို့သူတွေးထင်လိုက်မိတယ်။

ကောင်မလေးက မင်းခန့်ကိုပြုံးပြကာ

"ဘာမုန့်ယူမလဲရှင် လောလောဆယ် အစောကြီးဆိုတော့မုန့်တွေက သိပ်တော့မစုံသေးဘူးရှင့်"

"အင်း .....ကြက်သားပေါင်မုန့်ကတော့ရလောက်မှာပါ။ သူ့ကို ပထမဆုံးလုပ်တာဆိုတော့"

သူ့စကား ကြားပြီး ကောင်မလေးပြုံးသွားကာ

"ဆိုင်ရဲ့စားနေကျဖောက်သည် ထင်တယ်။ ဟုတ်ကဲ့ပါ ရနေပါပြီ။ မုန့်က အရှေ့ကို မထုတ်ထားရသေးတော့ ....သွားယူပေးမယ်နော် ဒါနဲ့ဘယ်နှစ်ခုယူမှာလဲရှင့် နောက်ထပ်‌ ရော ဘာများထပ်လိုသေးလဲ။"

"တစ်ခုပဲပေးပါ။ ကော်ဖီအေးတစ်ခွက်ပေးပါ။"

ကောင်မလေးသည် မင်းခန့်ဆီက အမှာကိုကြားပြီးနောက် မီးဖိုချောင်အနောက်ခန်းထဲသို့ဝင်သွားတော့သည်။သူလဲ စားပွဲဝိုင်းတစ်ခုတွင်ထိုင်ကာစောင့်နေလိုက်သည်။

ခဏကြာ ကောင်မလေးထွက်လာသည်။လက်ထဲမှာလဲသူမှာထားသောမုန့်လေးနဲ့ ။သူလဲကောင်မလေးကော်ဖီမဖျော်ရသေးတာကြောင့် မသွားသေးပဲဆက်ထိုင်နေမိသည်။ ကောင်မလေးသည် ကော်ဖီဖျော်နေရင်းမှ မင်းခန့်ကို တစ်ချက် တစ်ချက် လှမ်းကြည့်နေသည်။ မင်းခန့်ကတော့ ဂရုမထားမိ ပဲ အပြင်ကို သာငေးကြည့်နေလေသည်။

ကော်ဖီနဲ့မုန့်ရလောက်တဲ့ချိန်မှာတော့မင်းခန့်လဲ ကောင်တာကို သွားကာ စားစရာယူပြီး ကျသင့်ငွေရှင်းကာ ဆိုင်ထဲမှ ထွက်သွားတော့သည်။

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now