First love ep16

212 12 0
                                    

အခန်း ( 16)

မင်း မနေ့က ကျောင်း ပြေးတယ်ဆို
အင်း ပြာလဲ့ ပြောတာလား

ဘယ်လိုလဲ နှစ်ယောက်သား အခြေနေ တုိးတက်လာပြီလား
အဲ့လိုလည်းပြောလို့ရပါတယ်။ ငါ ဖွင့်ပြောတော့ သူက စောင့်ကြည့်အုံးမယ်တဲ့
အင်း  အဲ့တာလည်းဟုတ်ပါတယ်။ ချက်ချင်းကြီး အဖြေပြန်ပေးဖို့က သူမတွက် မလွယ်ကူဘူး။

နှစ်ယောက်သား စကားပြောရင်း ကျောင်းဆောင်ထဲ ဝင်လာကြလေသည်။ ပြာလဲ့တွက်မုန့်လာပို့ရင်း ဟန်သော်တစ်ယောက် မင်း ခန့် နဲ့ လမ်းမှာတေ့ွပြီး စကားပြောလာခြင်းဖြစ်သည်။
မင်းမျက်နှာကြည့်ရတာ အဆင်ရောပြေရဲ့လား
ကျွန်တော့်မျက်နှာ
အင်း  ငိုထားတာလား
မဟုတ်ပါဘူး  ဒီတိုင်း….
မင်းခန့်အခြေနေမကောင်းမှန်း ဟန်သော်ရိပ်မိလိုက်ပြီးသူ့ကိုလည်းပြောပြမယ့်ပုံမပေါ်နေတာကြောင့်သူလည်းဆက်မမေးခဲ့။
မင်းခန့် နှုတ်ဆက်ကာ စာသင်ခန်းထဲသို့ ဝင်လိုက်တာနဲ့  ပြာလဲ့ က ဟန်သော်ကိုတွေ့တာကြောင့် စာသင်ခန်းက ထွက်လာခဲ့လေသည်။ မင်းခန့် နေရာတွင် ဝင်ထိုင်ရင်း ရယ်ရယ်မောမော နဲ့စာသင်ခန်းရှေ့ စကားပြောနေတဲ့သူူတိ့ုနှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ အနည်းဆုံးတော့ကိုယ့်သူငယ်ချင်းတွက် ပျော်မိတာပေါ့။
   
အချိန်တော်ကြာ စာသင်ပြီးတဲ့နောက်မှာတော့ မင်းခန့်တို့နစ်ယောက် ကန်တင်းသိ့ုလာကြလေသည်။လာတဲ့လမ်းမှာပြာလဲ့တစ်ယောက် မင်းခန့်အနေထားကိုကြည့်ရင်းမေးရင်ကောင်းမလား မမေးရကောင်းမလားနဲ့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေလေသည်။
နင် .. ဇိုးဇန်နဲ့ အဆင်ပြေရဲ့လား
မင်းခန့် ချက်ချင်းပဲ ပြာလဲ့ဘက်ကိုလှမ်းကြည့်လိုက်ရင်း
သိသာလို့လား "
အင်း သိသာတယ်။ "
ငါသူ့ကိုဖွင့်ပြောလိူက်မိတယ်
…. အဲ့တေ့ာ သူဘာပြန်ပြောလဲ
နင် ငါသူ့ကိုဖွင့်ပြောတာ မအံ့သြဘူးလား
အံ့သြရမှာလား "....
ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ငါက နင်သိတဲ့တိုင်း …..း...စကားဆက်မပြောပဲ မင်းခန့်တစ်ဝက်တစ်ပြတ်ရပ်လိုက်တော့ ပြာလဲ့ရိပ်မိပြီး

ယောကျာ်းလေး ချင်းလု့ိပြောချင်တာလား "
မင်းခန့်က ခေါင်းလေးငြိမ့်ကာပြန်ဖြေလိုက်လေသည်။
အဲ့တာတွေတွေးမနေနဲ့င့ါအတွက် အထူးဆန်းမဟုတ်ဘူး နောက်ပြီး နင်နဲ့ ဇိုးဇန်ဆိုတာ ဟိုးအရင်တည်းက ပုံမှန်ရင်းနီးမှုပုံစံမျိုးမှမဟုတ်တာ ငါအရင်တည်းက နင်တု့ိနှစ်ယောက်ကို သူငယ်ချင်းဆိုတာထပ်ပိုတဲ့ပုံမျိုး မြင်ထားပြီးသား
ဘယ်လိုပြောရမလဲ…. ဟိုမရောက်ဒီမရောက် အခြေနေပေါ့ ငါနဲ့ ဟန်သေ်ာလိုမျိုး ။ တကယ်တော့ အဲ့လိုမြင်တာ ငါမှမဟုတ်ဘူး သေချာပေါက် နင်တို့နှစ်ယောက်နဲ့ရင်းနှီးတဲ့သူတိုင်း အဲ့လိုမြင်မယ်လို့ငါထင်တယ် ။ ဟန်သော်တောင် နင်တို့အခြေနေကိုရိပ်မိတယ် ။ "
ဘယ်လို သူက "
အင်း ဇိုးဇန် သဝန်တိုတာ သူမြင်တာခဏခဏပဲတဲ့ ငါတို့ ဆုံတုန်း က နင်တို့နှစ်ယောက်အကြောင်းပြောဖြစ်ကြတော့ သူပြောတာ … အရက်မူးပြီးပြန်လာတုန်းက ဆို သူက ထိန်းပေးထားတာကို ချက်ချင်း လာဆွဲယူလိုက်တာတဲ့ နောက်ပြီး
နင့်ကိုလည်း အိမ်ပြန်လာစောင့်နေပုံပဲတဲ့ ။ ကားရပ်လိုက်တာနဲ့ချက်ချင်း ခြံတံခါးဖွင့်ပြီး တော့ ဇိုးဇန် ထွက်လာတာတဲ.။"
ပြာလဲ့အပြောကို ကြားပြီးနောက် မင်းခန့် သက်ပြင်းလေးချကာ
အဲ့တာဆိုလည်း သူငါ့ကို ဘာလို့ငြင်းနေသေးလဲ
ဘာ ဇိုးဇန် ငြင်းးလိုက်တာလား နင့်ကိုလေ"
အင်း သူ င့ါကို ငြင်းလိုက်တယ် ။ '
အို့ ဘာလား  သူကြိုက်နေတာ သိသာနေတဲ့ဟာတောင်"
စကားလေး တပြောပြောနဲ့လာတာ ကန်တင်းသိူ့တောင်ရောက်လာလေပြီ။ ကန်တင်းထဲရောက်တော့ ဟန်သော်က သူတို့နှစ်ယောက်ကိုကြိုစောင့်နေလေသည်။
စောင့်ရတာကြာသွားလား "
သိပ်မကြာပါဘူး နာရီဝက်လောက်ပဲ "
နာရီဝက် .. "
စတာပါ ခုနက မှရောက်တာ သိပ်မကြာသေးဘူး
သူတု့ိ စားကြသောက်ကြ စကားပြောကြနဲ့ လုပ်နေတုန်းမှာပဲသူတို့နားက စားပွဲဝိုင်းတစ်ခုသို့ ဇိုးဇန်သိူူ့အုပ်စုရောက်လာလေသည်။ ပြာလဲ့ က ရောက်လာတာကိုမြင်တော့ မင်းခန့်ကိုမေးဆတ်ပြလိုက်လေတယ်။
မင်းခန့်လှမ်းကြည့်တဲ့ချိန်နဲ့ ဇိုးဇန် ထိုင်ခုံမှာဝင်ထိုင်ခါနီး မင်းခန့်ကိုလှမ်းကြည့်လိုက်တဲ့ချိန်နဲ့နှစ်ယောက်သား အကြည့်ချင်းဆုံ သွားတယ် ဆိုရင်ပဲ မင်းခန့် ချက်ချင်း အကြည့်လွှဲလိုက်တယ်။ ဒီလိုပြူမူလိုက်တာကြောင့် ဇိုးဇန် လည်း သူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ အနည်းငယ်တော့ မျက်နှာညှိူးနွမ်းသွားတယ် …. သူတို့ ဒီလိုနဲ့ သူစိမ်းတွေလိုဖြစ်နေလေပြီ။
အတူတူငယ်ငယ်တည်းက ကြီးပြင်းလာတဲ့သူတို့နှစ်ယောက်  က တစ်ခဏတွင်းချင်းမှာပဲ သူစိမ်းထပ်ပိုစိမ်းတဲ့ သူတွေဖြစ်သွားကြတော့ သူတိ့ုနှစ်ယောက်လုးံတွက် အဆင်ပြေနေတဲ့စိတ်အခြေနေမှာ ဘယ်လိုနည်းနဲ့မှရှိမနေခဲ့။
မင်းခန့် ချက်ချင်းပဲ ထိုင်ခုံ ကထလိုက်ကာ လွယ်အိတ်ကောက်လွယ်လိုက်ရင်း
ငါသွားတော့မယ် "
နင် စားလိ့ုမပြီးသေးဘူးလေ"
ငါ မစားချင်တော့လို့  "
ပြောလည်းပြော ကန်တင်းးထဲက ထွက်သွားလေသည်။
သူတစ်ယောက်တည်း နေချင်နေမယ်ထင်တယ် ။"
ပြာလဲ့လိုက်ဖိ့ုပြင်လိုက်ပေမယ့် ဟန်သော်က ဟန့်တားလိူက်တာကြောင့်ပြာလဲ့ နေနေခဲ့လိုက်တော့တယ် ။
ကန်တင်းက ထွက်သွားတဲ့ မင်းခန့်ကို ဇိုးဇန်လှမ်းကြည့်ရင်းသာ ကျန်နေခဲ့တော့တယ်။ ထက်နောင်က ဝင့်ဝါကို မျက်လုံးနဲ့ လှမ်း အထာပြလိုက်တော့ ဝင့်ဝါက သက်ပြင်းချကာ
ဇုးိဇန် နင် ခုထိ ပြေလည်အောင်မလုပ်ရသေးဘူးလား
ဇိုးဇန် ခေါင်းလေး ငြိမ့်လိုက်တော့ နိုင်နိုင် က ခေါင်းလေး ခါကာ
ချစ်ရဲ့သားနဲ့ ဘာလို့ငြင်းလိုက်တာလဲ ဇိုးဇန် နင်တကယ်ပဲ မသိတာလား ငါတိ့ုအားလုံးတောင် နင်ကြိုက်နေတာကိုသိတယ် ။
နှင်းခက်ကလည်း မနေနိင်တဲ့အဆုံးဝင်ပြောလေတယ်။
နင် မှတ်မိလားငါတို့ခရီးထွက်တုန်းက  နင် မင်းခန့်ပျောက်သွားလို့စိတ်ပူတာလေ အဲ့လိုစိတ်မျိုး နင် ငါတိ့ုအပေါ်မှာရှိလို့လား နင်ပြောကြည့်… နင် သူတစ်ယောက်တည်းပေါ်မှာပဲ ဖြစ်တည်တာ အဲ့တာ ကိုယ်ချစ်တဲ့သူကြောင့် ဖြစ်တည်လာတဲ့စိတ်မျိုးပဲ ။နင် မင်းခန့် က တစ်ယောာက်ယောက်ကို အလေးပေးပြီး ကျန်ခဲ့တော့မှ နင် ကိုယ်နင် နားလည်မယ်ဆိုရင်တော့ နင်နောက်ကျသွားပြီပဲ ဇုးိဇန် …. အဲ့ချိန်ကျရင် နင် ဘယ်လောက် ကြိုက်ပါတယ်ပြောပြော နင့်အတွက်နောင်တ ဆိုတာပဲကျန်မှာ။
နှင်းခက် စကားက မှန်နေကြောင်းသူငယ်ချင်းတွေကပါ လိုက်ပြောနေတော့ ဇိုးဇန် ခပ်လေးလေး သက်ပြင်းတာ ချနေမိတော့တယ်။

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now