first love ( last episode)

345 14 0
                                    


ဇာတ်သိမ်းပိုင်း
Unicode

ဇိုးဇန် အိမ်ရှေ့မှာ ကားလေးရပ်လိုက်ပေမယ့် ကားပေါ်ကနေမဆင်းသေး … အကြောင်းကတော့ မင်းခန့် အိပ်ပျော်နေလို့ပါပဲ ။ အိပ်ပျော်နေတဲ့ မျက်နှာလေးကိုကြည့်ရင်း သူ့စိတ်ထဲ ခိုးနမ်းချင်စိတ်ပေါက်သွားတာကြောင့် မင်းခန့်မျက်နှာနားကပ်လိုက်ချိန်မှာပဲ မင်းခန့် မျက်လုံးလေး ပွင့်လာတယ်… ဇိုးဇန် ဘာဆက်လုပ်ရမလဲမသိတော့ပဲ ကြောင်တောင်တောင်လေးဖြစ်လို့နေချိန်မှာပဲ မင်းခန့်က ရှေ့တိုးလိုက်ပြီး ဇိုးဇန် နှုတ်ခမ်းလေးကိုနမ်းလိုက်လေသည်။
နမ်းပြီးတာနဲ့ချက်ချင်းကားပေါ်က ဆင်းပြေးကာ သူအိမ်လေးထဲ အမြန်ဝင်သွားလေတောာ့တယ်။ ဇိုးဇန်ကိုတောင်သူ မနူတ်ဆက်မိတော့ ….။ ရှက်ပြုံးလေးနဲ့ပြံုးပြီး ကျန်နေခဲ့တာက ဇိုးဇန် ။ ကားပေါ်ကနေ မင်းခန့်အိမ်ထဲပြေးဝင်သွားတာကြည့်ပြီး ပြုံးကာ ကျန်နေခဲ့တော့လေတယ်။
တစ်ခါတစ်လေ အချစ်က ခါးသက်မှုတွေပေးတတ်သလိုနဲ့ သကြားခပ်ထားတဲ့ ကော်ဖီလိုပဲ အရမ်းချိုသွားတဲ့အနေထားကိုလည်းချက်ချင်းပြောင်းပေးတတ်သေးတယ်.. ခန့်မှန်းလို့မရတဲ့ထဲမှာ‌ေတာ့အချစ်က ထိပ်ဆုံးကပါပဲ။

လူငယ်တွေကြားမှာနာမည်ကြီးနေတဲ့ကော်ဖီဆိုင်လေးမှာဝင့်ဝါက  ကောင်လေးတစ်ယောက်နဲ့အတူထိုင်နေလေတယ်။
ထူးဆန်းစရာပါပဲ.. ဝင့်ဝါလိုလူက ရိုမန့်တစ်ဆန်တဲ့နေရာမှာရောက်နေတာဆိုတော့ တစ်ခုခုပါပဲ … ဟူတ်ပါတယ်။
သူ လာချိန်းတွေးနေတာပါ။ နှင်းခက်က ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုလို့ လက်ခံလိုက်ပြီး လာတွေ့နေတာပဲ … သူ မခန့်မှန်းမိတာက သူ့ရှေ့ကိုတစ်စုံတစ်ယောက် ရောက်လာမယ်ဆိုတာကိုပဲ …
နင် ဒီမှာဘာလုပ်နေတာလဲ"
ထက်နောင် နင် နင် နင့်ကိုငါက မေးရမှာ ဘာလို့ ဒီရောက်နေတာလဲ "
ငါနင့်ကိုလာခေါ်တာ နင်ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေတယ်ဆိုလို့လာခေါ်တာ "
ဟေ နင်နဲ့ငါက ဘယ်တုန်းက…က.."
စကားတောင်ဆုံးအောင်မပြောလိုက်ရ ထက်နောင်က ဝင့်ဝါလက်ကိုဆွဲက အတင်းခေါ်လိုက်လေသည်။ ရှေ့မှာထိုင်နေတဲ့
ကောင်လေးကိုလည်း တစ်ချက်ကြည့်လိုက်ပြီး
ဆောရီး ညီလေး သူမက ကိုယ့်အပိုင်။"
ဝင့်ဝါ ရင်ခုန်နှုန်းတွေမြန်သွားပါတယ်… တစ်ခါမှ သူ့အပေါ် မရဲဝင့်တဲ့ ထက်နောင်က ခုချိန်မှာတော့ သူ့ကို ရဲဝင့်စွာ ပြောနေလေပြီ။ ဆိုင်ပြင်ရောက်တာနဲ့ဝင့်ဝါက လက်ကိုအတင်းဖြုတ်ချလိုက်ပြီး
နင်ရူးနေလား "
အေး ငါရူးနေတယ် ကျေနပ်လား "
ထက်နောင် နင်ဘာဖြစ်နေတာလဲ နင်နဲ့ငါက သူငယ်ချင်းတွေလေ သူငယ်ချင်းဆိုတာနဲ့ ဒီလိုလုပ်ချင်တိုင်းလုပ်လို့မရဘူးလေ
ငါတို့တကယ် သူငယ်ချင်းတွေလား "
(….) ဝင့်ဝါ နှုတ်ဆိတ်သွားခဲ့လေပြီ။
ပြောလေ ငါတို့တကယ်ပဲ သူငယ်ချင်းတွေလား ငါကြိုက်နေတာနင်မသိခဲ့ဘူးလား ငါပထမနှစ်ကတည်းက နင့်ကို နင့်တစ်ယောက်တည်းကိုပဲ ကြိုက်လာခဲ့တာ နင်တကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလား "
နင် ငါ့ကို ဝန်မခံခဲ့ဘူးလေ ငါစောင့်နေခဲ့တယ် ငါကိုယ်တိုင်လည်း နင့်ကိုမြင်မြင်ချင်းချစ်မိသွားတာကြောင့် ငါနင့်ကိုဒီနှစ်တွေမှာနင့်ကိုစောင့်နေခဲ့တယ်…. ဒါမယ့် ငါ့ယုံကြည်ချက်မရှိတော့ဘူး နင်တကယ်ပဲ ငါ့ကိုချစ်ရဲ့လားဆိုတာယုံကြည်ချက်မရှိတော့ဘူး အာ့ကြောင့်..'"
အာ့ကြောင့် နင် ငါ့အပေါ်စိတ်ပြတ်ဖို့ တစ်ခြားတစ်ယောက်နဲ့သွားတွေ့ခဲ့တာလား "
အင်း…..
တကယ့် အရူးပဲ နင်မပြောခဲ့ဘူးလား သူငယ်ချင်းကို ချစ်သူမလုပ်ဘူးဆို ငါ နင့်ကိုဆုံးရံှုးမှာကြောက်တာကြောင့် ဖွင့်မပြောပဲနေနေခဲ့တာ နင့်အနားမှာ ဒီတိုင်းလေးနေနေတာက ငါ့အတွက်အနည်းဆုံးတော့နင့်ကိုမဆုံးရှုံးနိုင်တော့ဘူး။
ခုက ငါမလာခဲ့ရင် တကယ်ဆုံးရှုံးတော့မယ်ထင်လို့ ငါ့ရဲ့နောက်ဆုံးအခွင့်ရေးကိုလွဲတော့မယ်ထင်လို့ ငါရောက်လာခဲ့တာ...
ဝင့်ဝါ ချက်ချင်းပဲ ထက်နောင်ကိုလှမ်းဖက်လိုက်ရင်း
ငါ သူငယ်ချင်းကို ချစ်သူမလုပ်ဖူးဆိုတာ လူတိုင်းကိုရှောင်ချင်လို့ တမင်ပြောလိုက်တာပါ…ငါမြတ်နိုးရတဲ့သူကို မြင်မြင်ချင်းသိပြီးသွားပြီမို့လို့ တခြားဘယ်သူမှမလိုအပ်တာကြောင့် တမင်အဲ့လိုပြောခဲ့တာပါ။ "
ငါတို့ ဒီထပ်ပိုပြီးအချိန်မဖြုန်းရအောင် ချက်ချင်းလက်ထပ်လိုက်ကြမလား"
ဘာ နင်ကတော့ "
နင်ကလည်း ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘ၀ တစ်ခါတည်းလုပ်လိုက်တော့ပေါ့ ငါ့တို့ ခုလိုချစ်သူဖြစ်ဖို့အချိန်ကြာနေခဲ့ကြာတာ"
တော်ပြီ ထက်နောင် သွားတော့ သွားတော့ "
ဟဟဟဟဟ စတာပါ လာ လာ ငါတို့ပြန်ကြမယ် ။"
ဒီလိုနဲ့ နစ်တွေအကြာကြီး သူငယ်ချင်းအဆင့်ကနေထပ် မတက်ပဲ တိတ်တခိုးချစ်လာတဲ့နှစ်ယောက်က နောက်ဆုံးမှာတော့ နိုင်နိုင်ကောင်းမှုနဲ့ခ ျစ်သူတွေဖြစ်သွားကြလေပြီ။ ဝင့်ဝါ ချိန်းတွေ့တာကို နိုင်နိုင်သိပြီး ထက်နောင်ကိုလှမ်းသတိပေးပြောလိုက်တာကြောင့်ပါ…။ တစ်ခါတစ်လေ ဘဝမှာ အဲ့လိုသူငယ်ချင်းမျိုးတွေလိုတယ် .အဲ့တာမှ တစ်သက်လုံး fa မဖြစ်မှာ……။

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now