အခန်း(၈)
Zawgyi+unicode
သူတို့ အုပ်စုအချိန်အတော်ကြာလျောက်လာလိုက်ပြီးတဲ့နောက် ရှုခင်းအရမ်းလှတဲ့တောင်ကုန်းတစ်ခုနားသိူ့ရောက်လာကြလေသည်။ နားတဲ့သူကနား ပုံရိုက်တဲ့သူကရိုက်နဲ့ အုပ်စုလိုက် အပန်းဖြေနေကြလေသည်။။ သူတို့နားသို့ အဖိုးတစ်ယောက်ရောက်လာတော့ ဇိုးဇန်ကပဲ ဦးဆောင်တဲ့အနေနဲ့ အဲ့အဖိုးနားသို့သွားကာ
“အဖိုး ကျွန်တော်တို့ကို ပြောစရာရှိလို့လားခင်ဗျ”
“သားတို့က ဒီကို လာလည်ကျတဲ့ဧည့်သည်တွေထင်တယ်။ "
“ဟုတ် အဖိုး ကျွန်တော်တို့ဒီရွာလေးက ရူခင်းလှတယ် အေးချမ်းသာယာတယ်ဆိုလို့ လာလည်ကြတာပါ။”
“ အဖိုးက သားတို့ကို ဒီရွာလေးရဲ့ အကြောင်းလေးတွေ လှတဲ့နေရာလေးတွေပြောပြမလို့
အဖိုးအိမ်လိုက်လည်မလား လာမေးတာ”
အဖိုးဆီက စကားသံကြားတော့ အားလုံးတက်ကြွစွာလိုက်မယ်ဆိုပြီး အဖိုးအိမ်သို့ တက်ညီလက်ညီ အားလုံးလိုက်သွားကြလေသည်။ အဖိုးအိမ်က အရမ်းဝေးဝေးတော့မဟုတ် ။တောင်ကုန်းအနီးပတ်ဝန်းကျင်မှာ ဆောက်ထားတဲ့ သစ်သားအိမ်လေးပဲ ဖြစ်သည်။ ဒါကြောင့်လဲ သူတို့ ကို လှမ်းမြင်ပြီး လာခေါ်တာဖြစ်လောက်မယ်ဟု ဇိုးဇန် တွေးမိလိုက်လေသည်။ အားလုံးအိမ်ထဲမဝင်ကြပဲ ခြံထဲက ထိုင်ခုံလေးမှာသာ ထိုင်နေကြလေသည်။ ခဏကြာ အဖိုးက စားစရာတွေလာချပေးပြီး အားလုံးရဲ့ အလည်မှာ ဝင်ထိုင်ကာ"သားတို့ ဒီတောင်ကုန်းလေးပြီးရင် ဘယ်သွားဖို့ စီစဉ်ထားသေးလဲ"
"ကျွန်တော်တို့ ဒီရွာထဲ လှည့်ပတ်ကြည့်နေတာပဲ သေချာ ဘယ်ကိုရယ်လို့တော့မရှိပါဘူး မနက်ဖြန်ကိုတော့ ဟိုဘက်ကမ်းဘက်သွားလည်ဖို့ တော့လုပ်ထားတယ်။"
အဖိုးက ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာ အားလုံးကို ခြုံကြည့်လိုက်ပြီး
"သားတို့ ဒီတောင်ကုန်းကနေမြင်ရတဲ့ရှုခင်းက နောက်ထပ်နှစ်ခုနဲ့ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး"အဖိုးတို့ဆီမှာရှုခင်းလှတဲ့နေရာ သုံးခုရှိတယ် အဲ့ထဲက တစ်ခုက တော့ ဒီဟာပဲ နောက်နှစ်ခုက သားတို့ ဒီလမ်းဆုံးအောင်လျောက်လိုက်ရင် မုန့်ဆိုင်တစ်ဆိုင်တွေ့လိမ့်မယ် အဲ့မှာ လမ်းနှစ်လမ်းရှိမယ် တစ်လမ်းက အိမ်တွေဆက်ရှိနေပြီး စိုက်ခင်းတွေနဲ့ပြည့်နေတဲ့ ဘက်ပေါ့။တစ်လမ်းကကျတော့ တောလမ်းလေး လမ်းကျဉ်းးတယ်။
ထင်းခြောက်ကောက်တဲ့တစ်ချို့ လောက်ပဲရှိတယ် နဲနဲတော့ ဂရုစိုက်သွားရတာပေါ့"
"အဖိုး အဲ့လမ်းကို သွားရင် အန္တာရယ်တွေ ဘာတွေရှိလားဟင် "
နိုင်နိုင်က အဖိုးလာချပေးထားတဲ့ ကန်စွန်းဥကို စားနေရင်းမှ လှမ်းမေးလိုက်လေခြင်းဖြစ်သည်။ အဖိုးက ပြုံးကာ
YOU ARE READING
First Love ( ကျွန်တော်ရဲ့အချစ်ဦး)
Romance👬အိမ်နီးချင်းကောင်လေးနှစ်ယောက်၊ မိဘတွေချင်းရင်းနှီးလို့ ငယ်ငယ်လေးထဲကအတူတူကြီးပြင်းလာတဲ့ကောင်လေးနှစ်ယောက်ရဲ့ romantic အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်စွာတစ်ယောက်တည်းပဲနေတတ်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာကို သေချာလက်ခံနိုင်ဖို့ ခက်ခဲတဲ့ က...