first love ep6

306 12 0
                                    

အခန်း(6)
Unicode+Zawgyi
⬇️

     ကျောင်းအဖွဲ့လိုက် ခရီးစဉ်နေ့

မင်းခန့်အိမ်ကနေ လွယ်အိတ်လွယ် ခရီးဆောင်လက်ဆွဲအိတ်ကြီး ဆွဲပြီး ထွက်လာလေသည်။ ခြံထဲတွင် တံမြက်စည်း လှည်းနေသော မင်းခန့် အမေ ဒေါ်ဟန်သီက သားဖြစ်သူ အိတ်နဲ့ ထွက်လာတာကို မြင်သွားကာ သူ၏အနီးသို့ ရောက်လာပြီး

“သား မင်း ဘယ်သွားမလို့လဲ”

 မင်းခန့်က အနည်းငယ်ပြုံးလိုက်ကာ 

အမေ့ကို ပြောဖို့မေ့သွားတယ်… သား ကျောင်းခရီးစဉ်ရှိတယ် သုံးညအိပ်လေးရက်ခရီး

ဒေါ်ဟန်သီက သားဖြစ်သူဆီက  ပြန်ဖြေသံကိုကြားလိုက်ရပြီး မျက်နှာ မသာမယာဖြစ်သွားကာ

"သားရယ် ဒီနေ့ သားအဖေပြန်လာမှာလေ မသွားလို့မရဘူးလား"

အမေဖြစ်သူက မသွားစေချင်မှန်း မင်းခန့်သိသော်လည်း သူကိုယ်တိုင်လဲ အဖေဖြစ်သူနဲ့မတွေ့ချင်လို့ ရှောင်ချင်တာကြောင့်ဒီခရီးကို လိုက်ဖြစ်သွားချင်းဖြစ်သည်။ မင်းခန့်သည် လက်ပတ်နာရီကိုကြည့်လိုက်ရင်း အမေဖြစ်သူကို ပြန်ကြည့်လိုက်ကာ

 "အမေ သား ဒီခရီးသွားမှဖြစ်မှာ မသွားလို့မရဘူး အမေ မယုံရင် ကိုဇိုးဇန်ကိုမေးလို့ရတယ်။ သူက အဖွဲ့ခေါင်းဆောင်"
ပြောလဲ ပြော မင်းခန့်သည် သူ့၏အမေဘေးကနေ အမြန်ထွက်ခွာသွားလေသည်။ 

ခြံထဲက မင်းခန့်ထွက်လာချင်း ဇိုးဇန် အိမ်ဘက်ကို မင်းခန့်တစ်ချက်လှမ်းကြည့်လိုက်တော့

အိမ်ရှေ့လမ်းမထပ်မှာ ကားရပ်ထားပြီး ကားဘေးတွင် မတ်တပ်ရပ်ကာ တစ်စုံတစ်ယောက်ကိုစောင့်နေတဲ့ ဇိုးဇန်။ သူလဲ ဇိုးဇန်ကိုမမြင်ချင်ယောင်ဆောင်ကာ သူ၏အရှေ့ကနေဖြတ်လျောက်သွားလေသည်။ ဇိုးဇန် မင်းခန့်ရဲ့ လက်ဆွဲအိတ်ကို ချက်ချင်းပဲ လှမ်းဆွဲလိုက်တယ်။ မင်းခန့်လဲ လှမ်းဆွဲမှုကြောင့်ဇိုးဇန်ကို လှမ်းကြည့်လိုက်ကာ

 “ဘာလဲ ဘာလို့ အိတ်ကို လာဆွဲတာလဲ ။”

ပြောလဲပြော သူ၏ လက်ဆွဲအိတ်ကို ပြန်ဆွဲယူလိုက်လေသည်။

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now