First love
အခန်း(၂)
ဇိုးဇန်နဲ့ပတ်သက်ပြီးတွေးလာလိုက်တာ သူ ကျောင်းရှေ့သို့ရောက်မှန်းမသိရောက် လာခဲ့လေတော့တယ် ။
Uniပထမဆုံးရက်မို့ စိတ်ထဲ မှာ တစ်မျိုးလေးဖြစ်နေမိသည်။ ဘေးပတ်လည်ကြည့်တော့လဲ ကိုယ့်လို ရွယ်တူပထမနှစ်လို့ထင်ရတဲ့ကျောင်းသားကျောင်းသူတွေကလဲတစ်ပုံတစ်ပင်။ ကိုယ့်လိုပဲပထမနှစ်လို့သေချာပြောနိုင်တာကတော့ ကိုယ့်လိုပဲကျောင်းကိုတအံ့တသြလိုက်ကြည့်ပြီးတစ်ယောက်တည်းယောင်တောင်တောင်ဖြစ်နေတာတွေများလို့ပါ။မင်းခန့်လည်းချက်ချင်းပဲစီနီယာပုံစံဖမ်းရန် လျောက်ကြည့်ေနမိတဲ့ရာကနေ လူရှိန်အောင်တော့နဲနဲအိုက်တင်ဖမ်းဖို့လုပ်လိုက်လေသည်။
မင်းခန့်စာသင်ခန်းထဲဝင်လိုက်တော့ လူတောင်တော်တော်စုံနေပြီ။ပထမဆုံးကျောင်းတက်ရက်ဆိုတော့လဲနောက်မကျချင်တာကြောင့် စောစောစီးစီးလာကြတာဖြစ်လိမ့်မည်ဟူမင်းခန့်ကောက်ချက်ချလိုက်လေတော့သည်။
အလယ်ခုံတန်းထောင့်စွန်းမှာနေရာလွတ်တာကြောင့် မင်းခန့် ဝင်ထိုင်လိုက်လေသည်။ မင်းခန့်ဝင်ထိုင်ပြီး မကြာဘူး အရပ်ရှည်ရှည် အသားညှိညှိ ခပ်၀၀ဆရာမတစ်ယောက်သည် သူ၏လက်ကိုင်အိတ်နဲ့ ဖိုင်တစ်ခုကိုကိုင်ပြီးဝင်လာလေတော့သည်။***************************************
မင်းခန့်တို့အတန်းစာသင်ချိန်ပြီးသွားတဲ့အခါဆရာမထွက်သွားတာနဲ့အားလံုးကိုယ်စီအတန်းထဲမှအမြန်ထွက်သွားကြသည်။နေ့လည်ခင်း ထမင်းစားချိန်ဖြစ်တာကြောင့် ကန်တင်းမှာ လူတွေပြည့်ကျပ်နေလေသည်။ကိုယ်စီထမင်းချိုင့်ကိုင်ပြီးလာတဲ့စီနီယာကိုကိုမမတွေကလဲ အများကြီး။ မင်းခန့်လဲစာသင်ခန်းထဲကထွက်လာတာနာရီဝက်ကြာနေလေပြီ။ခုချိန်ထိဘယ်ဆိုင်
ထိုင်ရမလဲ မသိပဲ လမ်းမထပ်မှာယောင်လည်လည်နဲ့လျောက်သွားနေလေသည်။ လူအရမ်းများတဲ့ဆိုင်လဲမထိုင်ချင်။ ဆိုင်တော်တော်များများကလဲလူပြည့်နေလေသည်။ မင်းခန့်လည်း လမ်းလျောက်လာရင်းသူ၏ဗိုက်က အသံမြည်လာလေ ေတာ့သည်။လူကသာ ပေကပ်ကပ်နဲ့လူသိပ်မရှိတဲ့ဆိုင်လိုက်ရွေးနေတာ ဗိုက်ကတော့ လူအတိုင်းလိုက်ပြီးပေကပ်မနေနိုင်ပဲ အချက်ပေးနေလေပြီ။ မင်းခန့်လဲ လမ်းလျောက်ရင်းလူနည်းတဲ့ဆိုင်ကိုရှာတွေ့သွားတော့သည်။ မင်းခန့်ဆိုင်ထဲမဝင်ပဲ ဆိုင်ကိုအကဲခတ်နေလေသည်။
YOU ARE READING
First Love ( ကျွန်တော်ရဲ့အချစ်ဦး)
Romance👬အိမ်နီးချင်းကောင်လေးနှစ်ယောက်၊ မိဘတွေချင်းရင်းနှီးလို့ ငယ်ငယ်လေးထဲကအတူတူကြီးပြင်းလာတဲ့ကောင်လေးနှစ်ယောက်ရဲ့ romantic အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်စွာတစ်ယောက်တည်းပဲနေတတ်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာကို သေချာလက်ခံနိုင်ဖို့ ခက်ခဲတဲ့ က...