အခန်း (4)
သူ ဇိုးဇန်နဲ့ ဘယ်လိုမှ မတွေ့ချင်တာပါ။ သူ နဲ့ဝေးရာကို ဘယ်လောက်ပြေးပြေး သူက ကိုယ့်အနီးနားကို တစ်နည်းတစ်ဖုံနဲ့ရှိကိုရှိနေတတ်တယ်။ အမြဲမြင်တွေ့နေရတာကြောင့် ဇိုးဇန်နဲ့ပတ်သက်ရင် သူတကယ် စိတ်ကျဉ်းကျပ်တယ်လို့ ခံစားရတာကြောင့် သူ့ရဲ့အနီးနားမှာ ရှိကိုရှိမနေချင်သောမင်းခန့်တစ်ယောက် ခုတော့ အဖွဲ့ ဝင် အဖြစ် လာလျောက်ကာမှ ဇိုးဇန် နဲ့တိုးေတာ့လေပြီ။
ဇိုးဇန် ရဲ့ လှမ်းခေါ်လိုက်မှုကြောင့် မင်းခန့်လှည့်ကြည့်လိုက်လေသည်။ ဘာမှတော့သူမပြောပဲ ဇိုးဇန်ကို ကြည့်ပဲကြည့်နေလေတယ်။ ဇိုးဇန်က မင်းခန့်ကိုကြည့်ကာ
"ဘာလို့မလျောက်တော့တာလဲ။ မင်းကြည့်ရတာအဖွဲ့ဝင်ချင်နေတဲ့ပုံပါ။""တကယ်ပဲ သိချင်တာလား ။ "
မင်းခန့်ရဲ့ ခနဲ့တဲ့တဲ့ မျက်နှာမျိုးနဲ့စကားသံကို ဇိုးဇန်ကြားပြီး"အင်း သိချင်တယ် ။ "
ဇိုးဇန်က ဘာမှမသိတဲ့မျက်နှာဘေးလေးနဲ့ပြန်ဖြေလေသည်။တကယ်ဆို မင်းခန့်က သူ့ကြောင့် အဖွဲ့ဝင်မဖြစ်ချင်တော့အသိသာကြီး သူသိလေသည်။
မင်းခန့်သည် မျက်ခုံးပင့်လိုက်ကာနောက်
“ခင်ဗျားကြောင့် "
ဇိုးဇန်က ချက်ချင်းပဲ မင်းခန့်ရဲ့ခြေလှမ်းတွေကိုဟန့်တားရန်
“မင်း ငါ့ကိုကြောက်လို့ရှောင်တာမှတ်လား”
မင်းခန့်ရဲ့ထွက်သွားဖို့ဦးတည်နေတဲ့ခြေလှမ်းများရပ်တန့်သွားကာ နောက် ဇိုးဇန်ကိုလှည့်ကြည့်လိုက်ပြီး
“ကြောက်စရာလား …..ခင်ဗျားကို မမြင်ချင်တာ "
ဇိုးဇန်က အနည်းငယ်ရယ်လိုက်ကာ
“မဖြစ်နိုင်တာ မင်းကြောက်လို့ ထွက်ပြေးတာပေါ့ မကြောက်ရင် တကယ်ပဲ ကြောက်စိတ်မရှိဘူးဆိုရင် ဘာလို့အဖွဲ့ထဲမနေရဲ့ရမှာလဲ”
မင်းခန့်က စိတ်မရှည်သလို ဖြစ်လာကာ
“မမြင်ချင်တာလို့ပြောထားပြီးပြီပဲ… ခင်ဗျားနဲ့ဆက်မပြောတော့ဘူး”
YOU ARE READING
First Love ( ကျွန်တော်ရဲ့အချစ်ဦး)
Romance👬အိမ်နီးချင်းကောင်လေးနှစ်ယောက်၊ မိဘတွေချင်းရင်းနှီးလို့ ငယ်ငယ်လေးထဲကအတူတူကြီးပြင်းလာတဲ့ကောင်လေးနှစ်ယောက်ရဲ့ romantic အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်စွာတစ်ယောက်တည်းပဲနေတတ်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာကို သေချာလက်ခံနိုင်ဖို့ ခက်ခဲတဲ့ က...