အခန်း(၁၃)Unicode+zawgyi
"ဟုတ်တာပေါ့ မင်းခန့်ပြောတာမှန်တာ မင်းဒါလေးတောင်မသိဘူးလား"
သူနဲ့ မင်းခန့် မနေ့ညက ပြောဖြစ်ခဲ့တဲ့ အကြောင်းရာတွေကို ထက်နောင် နဲ့ ဝင့်ဝါ နိုင်နိုင် သူတို့ကို မေးနေခြင်းဖြစ်သည်။
"မင်းပဲစဉ်းစားကြည့်လေ အရွယ်ရောက်နေပြီးသားယောကျာ်းတစ်ယောက်ကို ဖုန်းတွေ အကြိမ်ကြိမ်ခါခါ ခေါ်ပြီး ဘယ်နေရာသွားသွားပြောပြနေရတာက ပုံမှန်မဟုတ်ဘူးလေ ချစ်သူရည်းစားတွေသာ အဲ့လိုလုပ်ကြတာ။"
နိုင်နိုင်စကားကို ဝင့်ဝါက ထောက်ခံတဲ့အနေနဲ့
"ဟုတ်တယ် ငါ့ညီမကိုတောင် ငါအဲ့လောက်ဂရုမစိုက်ဘူးဟဲ့ နင်လုပ်နေတဲ့ပုံက စည်းကျော်နေပြီ။ ထပ်ပြောရမယ်ဆိုရင်.....
နင်သူ့ကိုကြိုက်လို့အဲလိုပြုမူနေတယ်လို့်တောင်ပြောလို့်ရတယ်။ "ဝင့်ဝါစကားကြားပြီး ဇိုးဇန် အထိတ်တလန့် နဲ့
"ယောကျာ်းလေးချင်းကို ငါက ကြိုက်စရာလား"
ဇိုးဇန်စကားကြားပြီး သုံးယောက်လုံး စိတ်ပျက်လက်ပျက်ပုံစံဖြင့်ခေါင်းခါလိုက်သည်။
"ငါဆိုလိုတာက ခွဲခြားတာမျိုးမဟုတ်ဘူးဟာ ဒီတိုင်း ငါက အဲ့လိုမဟုတ်ဘူးလို့ပြောချင်တာ.."
"ဒါမယ့်လေ ဇိုးဇန် မင်းတကယ် သူ့ကို မကြိုက်တာလား သေချာလား"
အင်း…. သေချာတယ် "
"အိုကေ အာ့တာဆိုရင် ငါသူ့ကို လိုက်မယ်....."
နိုင်နိုင် စကားကြားပြီး ဇိုးဇန် အံံ့သြသွားပြီး ပြာပြာသလဲ
"မင်းက ဘာလို့ သူ့ကိုလိုက်တာလဲ ။""ကြည့် ကြည့် ကြည့်ပါလား နင်ပါပြန်ပြီ။ အဲ့တာ နိုင်နိုင်နဲ့ မင်းခန့် ကိစ္စ နင် ဝင်မေးစရာမလိုဘူး သူတို့လွတ်လပ် ခွင့် "
ဝင့်ဝါ စကားကြောင့် ဇိုးဇန် ထပ်မပြောတော့ပဲ သက်ပြင်းလေးသာ ခိုးချလိုက်တော့တယ်။
မင်းခန့်တစ်ယောက် စာသင်ခန်းသို့သာ လာနေသည် မျက်လုံးကတော့ ပတ်လည်ရိုက်ပြီးတစ်စုံတစ်ခုကိုလိုက်ရှာနေတဲ့ ။
YOU ARE READING
First Love ( ကျွန်တော်ရဲ့အချစ်ဦး)
Romance👬အိမ်နီးချင်းကောင်လေးနှစ်ယောက်၊ မိဘတွေချင်းရင်းနှီးလို့ ငယ်ငယ်လေးထဲကအတူတူကြီးပြင်းလာတဲ့ကောင်လေးနှစ်ယောက်ရဲ့ romantic အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်စွာတစ်ယောက်တည်းပဲနေတတ်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာကို သေချာလက်ခံနိုင်ဖို့ ခက်ခဲတဲ့ က...