first love ep10

242 16 0
                                    

အခန်း(၁၀)
Zawgyi+unicode

သူတို့တွေ အချိန်အတိုင်းတာ တစ်ခုကြာတဲ့ထိလှေစီးလာပြီးတဲ့နောက်တော့  သူတို့ ရောက်ချင်တဲ့နေရာ ကျွန်းတစ်ခုကို လှေလေးဆိုက်ရောက်လာပါတော့တယ်။ ကျွန်းဆိုပေမယ့် တော်တော်များများ လူနေထိုင်ပြီး လူသူအရောက်ပေါက်များတဲ့
ကျွန်းသေးသေးလေးတစ်ခုပါ။ သူတို့ ကုန့်းမြင့်ပိုင်းကိုလှေကားထစ်လေးနဲ့ တက်ပြီး အပေါ်ဆုံးရောက်တဲ့ခါ အဲ့နေရာကနေဆို သူတို့ လာခဲ့တဲ့ နယ်မြို့လေးကို လှမ်းမြင်ရပြီး ကောင်းကင် က အရမ်းလှတဲ့နေရာဖြစ်လို့ ချစ်သူစုံတွဲတွေဆို ခဏခဏ လာတဲ့နေရာလေးပါ။နောက်ပြီး အဲ့အပေါ်ဆုံးနေရာလေးမှာ ဘုရားတည်ထားသလို ဘုရားနားမှာ ဒေသထွက် စားစရာလေးတွေလည်းရောင်းချကြလေသည်။ အဲ့နေရာလေးက ကျွန်းဆိုတဲ့စကားလုံးထပ်ပိုတဲ့ အလွန်စည်ကားတဲ့ နေရာလေးတစ်ခုလို့တောင်ပြောရပေအုံးမယ်…….

ကျွန်းပေါ်သိူ့ ခြေချလိုက်တယ်ဆိုတာနဲ့ စိတ်တွေက လှေပေါ်မှာတုန်းကနဲ့မတူ အလွန်လန်းဆန်းပြီး နေလို့်အလွန်ကောင်းနေလေသည်။ သူတို့ အုပ်စုလမ်းလျေျာက်လာရင်းပဲ တွေ့လိုက်ရတာက တော်တော်များများ ဒေသခံတွေ ငါးဖမ်း ခရုဖမ်း ဂဏန်းဖမ်းနဲ့ အလုပ်ရှုပ်နေကြပြီး သူတို့ ကို အာရုံတောင် မစိုက်။  သူတို့ရဲ့ ဒီလိုပြုမူပုံကိုကြည့်ရခြင်းအားဖြင့် ဒီနေရာကို တခြားဒေသက လူူတွေလာလည်ကြတာများမည်ထင်တယ်။
ငါတိူ့ အပေါ်ကို တန်းတက်ကြမှာမလား အောက်ပိုင်း လျှောက်ကြည့်အုံးမလား
နှင်းခက်က အကုန်လံုးကို မေးတဲ့ အနေနဲ့ အားလုံးကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
အင်း ငါတို့ အပေါ်အရင်တက်မယ် ပြန်ဆင်းလာတော့မှပဲ အောက်နား လျောက်ကြည့်မယ်လေ။
ထက်နောင်ရဲ့အဆို ကို အားလုံးလက်ခံသည့်ပုံစံဖြင့် အပေါ်ကိုသာတက်ညီလက်ညီ တက်သွားကြသည်။
လှေကားတစ်လျောက်မှာလည်း ဈေးသည်အချို့ကို တွေ့ရတယ်။ မင်းခန့်က အပေါ်သို့ တက်လာရင်း ရှေ့ဆုံးမှာ ဦးဆောင်နေလေသည်။  သူတက်ရင်း သူတစ်ယောက်တည်းရှေ့ဆုံးရောက်နေတာကို သတိထားမိတော့ မသိမသာ
သူဇိုးဇန်ကို ရပ်နား နားပြီးစောင့်နေလေသည်။ သူ ဇိုးဇန်စိတ်ပူတာကို မလိုချင်တာကြောင့်စောင့်နေခြင်းဖြစ်သည်။
သူရှေ့ဆုံးအရမ်းရောက်သွားပြီး အရိပ်ခြေမတွေ့လျှင် ဇိုးဇန် သူ့ကို အသည်းသန်လိုက်ရှာ စိတ်ပူနေမှာကို သိတာကြောင့်သူ စောင့်နေခြင်းဖြစ်သည်၊။
သူ့စောင့်နေတဲ့နားသို့ ဇိုးဇန်တို့ အုပ်စုလိုက်ရောက်လာကြပြီး ဇိုးဇန်က ပြုံးကာ မင်းခန့်ကို ကြည့်လိုက်ရင်း
“ငါ့ကို စောင့်နေတာလား”
“စောင့်စရာလား ငါ့ဘာသာ နားနေတာ…”
ပြောလည်းပြော အရှေ့က ဦးတည်သွားလိုက်သည်။ ဇိုးဇန်က လက်ထဲမှကိုင်ထားတဲ့ရေဗူးကို ဖွင့်လိုက်ပြီး မင်းခန့်နားအပြေးလေးသွားကာ
“ရော့ …”
မင်းခန့်က ဘာမှမပြောပဲ ရေဗူးကို လှမ်းယူလိုက်ရင်း သောက်လိုက်သည်။
ဇိုးဇန်ကိုရေဗူးပြန်လှမ်းပေးလိုက်ပြီးနောက် မင်းခန့် ပြန်ပြီးအရှေ့ကိုဆက်တက်သွားပြီး ဇိုးဇန်က တော့ နေရာမှပဲရပ်ကျန်ခဲ့သည်။ ထက်နောင် က ဇိုးဇန် ပုခုံးကို ပုတ်လိုက်ပြီး
“သားကြီး ငါလည်းရေဆာတယ်လေကွယ် တစ်ယောက်တည်းကို ပဲပေးတာလား”
“ရေဆာကိုယ့်ဘာသာ အိတ်ထဲက ယူသောက်ပေါ့”
“ဟင့်အင်း ငါတို့က မင်းဖွင့်ပေးတဲ့ရေလေးကို ပဲသောက်ချင်တာ …” ဝင်ပြီးပြောလိုက်တာက နိင်နိုင်။
“မင်းတို့တွေနော် အေးအေး  ……”ဇိုးဇန်ပြောလည်းပြော ရှက်ပြီး ထွက်သွာလေသည်။ နေရာမှာရယ်ပြီး ကျန်ခဲ့တာကတော့
ထက်နောင်နဲ့ နိုင်နိုင်။   ကျန်တဲ့  လူတွေက သူတို့ခပ်လှမ်းလှမ်းမှာ နားပြီး ရှိနေကြလေသည်။
အချိန်အတော်ကြာထိ တက်လာခဲ့ပြီးနောက် နောက်ဆုံးမှာတော့ အပေါ်သို့သူတို့ အားလုံးရောက်လာကြလေပြီ။ မင်းခန့်ကအပေါ်ရောက်ရောက်ခြင်း ဘေးပတ်လည်ကို ကြည့်ကာ အဖိုးမှာလိုက်တဲ့ ဝယ်ဖို့ ဆိုင်ကို သူလိုက်
ရှာနေမိသည်။ ကျန်သူတွေအကုန်လုံးကတော့ အလှဆုံးရူခင်းကိုကြည့်ရန် ရူခင်းကြည့်ရာနေရာသို့ ဦးတည်ကာ ထွက်သွားကြလေသည်။ မင်းခန့် ဘုရားနားသို့သူ ရောက်လာရင်း နောက်ဆုံးမှာတော့ အဖိုးပြောတဲ့ အဖွားကို သူရှာတွေ့ခဲ့တယ်။ ထိုအဖွားဆိုင်နားသို့သွားပြီး အဖွားရဲ့ ရောင်းတဲ့ပစည်းလေးတွေကို ကြည့်နေမိသည်။
“သား အပြာရောင်လက်ပတ်လေးကို ရွေးဖို့ လိုတယ်….”
အဖွားစကားကြောင့် မင်းခန့် အဖွားကိုုကြည့်လိုက်ကာ
“တကယ်တော့ ကျွန်တော့်ကို အဖိုးတစ်ယောက်ညွှန်းလိုက်လို့ ရောက်လာတာ
ဘာဝယ်ရမှန်းသေချာမသိဖြစ်နေတာ အပြာလေးထပ်အနီလေးက ပိုမကောင်းဘူးလား”
အဖွားက ပြံုးလိုက်ရင်း
အဲ့အဖိုးကြီးကတော့ ……..အဖွားပြုံးလျက် ရေရွတ်လိုက်သည်။နောက် မင်းခန့်ကို ကြည့်ရင်း
“အပြာလေး ယူလိုက်ပါ ဒီအပြာလေး က သားလိုအပ်နေတာနဲ့ အံ့ဝင်ဂွင်ကျ ပါပဲ။…”
မင်းခန့်လည်း အဖွားပေးတဲ့ လက်ပတ်လေးကိုယူလိုက်ရင်း ကျသင့်ငွေရှင်းကာထွက်ခွာခဲ့သည်။ မင်းခန့်လက်ပတ်လေးကို
ကြည့်ရင်း ရူခင်းရှိရာဘက်သို့ လျောက်လာလေသည်။ မင်းခန့် လက်ပတ်ကို လက်မှာပတ်လိုက်တဲ့ချိန်မှ သူသေချာ သတိထားမိတော့သည်။ အဲ့တာက တော့ လက်ပတ် အတွင်းဘက်ပိုင်းတွင် မြှားပုံစံ သေးသေးလေးကို ပုံဖော်ထားတာကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ မင်းခန့် ရူခင်း ကြည့်တဲ့နေရာကို ရောက်တော့ အုပ်စုလိုက်ကြီး ဓာတ်ပုံရိုက်နေတဲ့ ဇိုးဇန်တို့အုပ်စုကို တွေ့လိုက်တယ်။ သူတွေ့လိုက်ခြင်းပဲ ထက်နောင်က မင်းခန့်ကို အတူူတူ အုပ်စုလိုက်ဓာတ်ပုံရိုက်ဖို့ လှမ်းဆွဲခေါ်လိုက်ကာ အားလုံး တူတူ အမှတ်တရဓာတ်ပုံ တွေရိုက် ကြတော့တယ်။ ထက်နောင်က မင်းခန့် ကို  ဇိုးဇန်နားမှာ မတ်တပ်ရပ်ဖို့ အတင်းပိုု့လိုက်တော့  နှစ်ယောက်သားဘေးချင်းကပ်ဓာတ်ပုံရိုက်မိသွားလေသည်။ 

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now