First love (you & I)

1.2K 36 2
                                    

First love ( you& I)
Zawgyi +unicode🌻

(အခန်း ၁)

မနက်ခင်းနေရောင်ခြည်က အိပ်ခန်းအတွင်းသို့ တိုးပေါက်ဝင်ရောက်နေလေပြီ။ ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ကတော့
အိပ်မက်ကမ္ဘာမှာ သာယာနေတုန်းပင်။ ထိုချိန်မှာပဲ
နိုးစက်သံက တိတ်ဆိတ်နေတဲ့ သူ့ကမ္ဘာလေးကိုစတင်ကာ
ဖြိုခွဲလာပါတော့တယ်။

တီ.....တီ
ဆူညံပြီးထွက်လာသောနိုးစက်သံကြောင့် မင်းခန့်အိပ်ယာကနိုးသွားပြီး နိုးစက်ပိတ် ပြန်အိပ်နေလိုက်လေသည်။

ပထမဆုံးကျောင်းတတ်ရက်မို့ကျောင်းမနောက်ကျသင့်‌ ပေမယ့် အိပ်ယာရဲ့ အရှိန်အဝါက သူ့ကိုမြူဆွယ်နေတာကြောင့် အိပ်ယာကမထပဲ အပျင်းတစ် လို့နေလေတယ် ။ အဲ့အချိနိမှာပဲ အခန်းထဲသို့ သူ၏အမေဒေါ်ဟန်သီ ဝင်လာကာ သားဖြစ်သူ မင်းခန့်ဘုန်းရဲ့ကုတင်နားသို့သွားကာ

   " သား ကျောင်းနောက်ကျတော့မှာပဲ ထတော့လေ"

အိပ်ယာမှာ ဆက်အိပ်ချင်နေသေးသော်လည်းပထမဆုံးရက်ကျောင်းနောက်မကျသင့်တာနဲ့ မိခင်ဖြစ်သူကလဲ လာနိုးနေတာကြောင့် မင်းခန့် အိပ်ယာထလိုက်ရလေတော့တယ်။ မင်းခန့်ထလိုက်တော့မှပဲ ဒေါ်ဟန်သီလဲအိပ်ခန်းထဲကနေ ပြန်ထွက်သွားတော့လေသည်။

***

စားပွဲတွင်မင်းခန့်နဲ့ မိခင်ဖြစ်သူနှစ်ယောက်သားတူတူထိုင်ကာ မုန့်ထိုင်စားနေလေသည်။မင်းခန့်သည်အဝါရောင်ကွက်ကြားအကျီလေးကို ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီနက်ပြာလေးကိုဝတ်ဆင်ထားပုံက ပျိုတိုင်းကြိုက်မယ့် နှင်းဆီခိုင်လေးအတိုင်း။

မင်းခန့်က ပေါင်မုန့်ကို ပါးစပ်မှာကိုက်ထားလိုက်ရင်းထိုင်ရာမှ ထလိုက်ကာ နောက် လက်က ဘေးမှာချထားသောလွယ်အိတ်ကို ယူလိုက်ပြီးလွယ်လိုက်‌ လေသည်။ပြီးနောက်  ပါးစပ်မှာကိုက်ထားသောမုန့်ကို ယူလိုက်ကာ မိခင်ဖြစ်သူကိုကြည့်လိုက်ရင်း

    "သား ကျောင်းသွားတော့မယ် နောက်ကျနေပြီ"
     "သား   ဇိုးဇန်နဲ့အတူသွားလေ 
သားနောက်ကျနေမှန်းသိလို့ အမေ သူ့နဲ့အတူ သားကိုခေါ်သွားဖို့ပြောထားတယ် "

First Love ( ကျွန်တော်ရဲ့အချစ်ဦး)Where stories live. Discover now