II Zawgyi II
" အမေ မှားနေပြီထင်တယ် အမေ့သားကယောကျာ်းလေးလေ "
ရှောင်းကျန့် အလန့်တကြားနဲ့ မေးလိုက်တယ်။ ဒါမဲ့သူ့အမေကမျက်စောင်းထိုးပြီး
"အော်ဟော် ... အမေပြောတာအမှန်တွေပါ....သားကကိုယ်ဝန်ဆောင်နိုင်တာ "
"မဖြစ်နိုင်တာ "
"ခက်လှချီရဲ့လား သားရယ် "
ဘယ်သူမှန်တယ်၊ မှားတယ်ငြင်းနေကြပေမဲ့ ရိပေါ်မှာအာရုံမစိုက်နိုင် တခဏလောက်ငြိမ်သက်နေပြီး
" Bae နေမကောင်းတာ ဒါကြောင့်များလား "
ရှောင်းကျန့် ရိပေါ်ပြောတဲ့အဓိပ္ပါယ်ကိုသိသွားတာမို့
"အမ်...ကိုကိုနဲ့မေမေကတဖက်ထဲဘဲ့ ဟွန်း "
ရိပေါ် ရှောင်းကျန့်စိတ်ဆိုးနေတဲ့ပုံလုပ်လိုက်တာမို့ အနားမှာပူးကပ်အောင်သွားထိုင်ပြီး ချက်ခြင်းပေါင်ပေါ်ဆွဲချီလိုက်တော့တယ်။ ရှောင်းကျန့်ကအမေရှေ့မှာမို့ ထမလို့လုပ်ပေမဲ့ အမေကလည်းအလန့်တကြားပုံနဲ့
"ကျန့်အာ နေမကောင်းဖြစ်နေတာလား "
အမေကနဖူးကိုလက်နဲ့လာစမ်းတယ်။ အမေ့ကိုစိတ်မပူစေချင်တာကြောင့် ရှောင်းကျန့် ပြုံးပြလိုက်ပြီး
" သား မနက်ပိုင်းဘဲ့တစ်ချက်လောက် နေမကောင်းဖြစ်တာပါ အခုကောင်းသွားပြီ "
"ဘယ်လို...သွား သားရိပေါ် သွားစစ်ပေးလိုက်ကြည့် ဒီကောင်လေးနှယ် ကိုယ့်ကိုယ်ကိုတောင်မသိတတ်ဘဲ အမြန်သွားကြ "
ရှောင်းကျန့် အမေကဘာကိုသွားစစ်ခိုင်းတာလဲ စဉ်းစားနေတုန်း ရုတ်တရက်လေပေါ်မြှောက်တက်သွားတာမို့ ရိပေါ်လည်ပင်းကိုသိုင်းဖက်လိုက်မိတယ်။ ရိပေါ်က
"အမေ ပြန်လာရင်သုံးယောက်ပြန်လာပါ့မယ် "
"အေအေ....သုံးယောက်မက လေး၊ငါးယောက်ဖြစ်ဖြစ် "
အတိုင်အဖောက်တော်တော် ညီနေတဲ့နှစ်ယောက်ကြောင့် ရှောင်းကျန့် မှာရိပေါ်ချီသွားတဲ့အတိုင်းပါသွားသည်။ လမ်းမှာလူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ပိုဆိုးတာကကိုယ်ဝန်သည်များအဆောင်ကို တန်းသွားနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် ရှက်လွန်းလို့အငွေ့ပျံချင်လာတယ်။ တခြားမိန်းကလေးကိုယ်ဝန်သည်တွေ စောင့်နေတဲ့နေရာမှာ ထိုင်ခိုင်းပြီး
![](https://img.wattpad.com/cover/251112000-288-k209808.jpg)
YOU ARE READING
My Lovely Secretary(Complete)
Fanfiction|| Zaw & Uni ll Accident တခုမှစတင်ခဲ့သည့်... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)