..32..My Lovely Secretary

5.6K 468 1
                                    

|| Zawgyi ||

" Bae ကိုယ်အမြန်ပြန်ခဲ့မယ်နော် "

လက်ထပ်ပြီး တလကြာတဲ့အထိရိပေါ် ဘယ်မှမသွားဘဲရှောင်းကျန့်နဲ့အတူ အဖော်ပြုပေးတယ်။ အလုပ်ကိစ္စတွေကိုလည်း အိမ်ကနေကွန်ပျူ တာကတစ်ဆင့်ဘဲ အစည်းအဝေးလုပ်တယ်။ အခုကအရမ်းကိုအရေးကြီးတဲ့ လုပ်ငန်းပြသနာအချို့ဖြစ်လို့ သွားပြီးစစ်ဆေးရမှာမို့ မသွားမဖြစ်...

"ကိုကို Bae ကအိမ်မှာဘဲ့နေမှာကို စိတ်မပူပါနဲ့နော် "

" ဟုတ်ပါပြီ ကိုယ်အမြန်ပြန်ခဲ့မယ်နော် "

ရိပေါ် ထွက်သွားပြီးတာနဲ့ ရှောင်းကျန့် လည်းTV ဖွင့်ကာထိုင်ကြည့်နေတော့တယ်။ ကလေးကအခုမှနှစ်လကျော်ဘဲ့ရှိသေးတာမို့ သိပ်ပြီးဗိုက်ကသိပ်မပေါ်သေးပေ။ TV ကြည့်နေတုန်းအိမ်ဘဲလ်တီးသံကြားလိုက်ရတယ်။ အိမ်အကူမလေးတစ်ယောက်က တံခါးသွားဖွင့်ပေးပြီး ထပ်လန့်တဲ့အမူအရာနဲ့

" ချောင်....ချောင်သခင်မ "

"ဟမ် "

ရှောင်းကျန့် လည်းချောင်သခင်မဆိုတဲ့အသံကြောင့် အမြန်လှည့်ကြည့်လိုက်တော့ သူမက

"အိုး...ကျန့်အာ သားတို့မင်္ဂလာပွဲတုန်းက မလာနိုင်တာsorry ပါနော် "

ရှောင်းကျန့် လည်းယဉ်ကျေးသမှုနဲ့

"ရပါတယ်ဗျ.... အန်.....အန်တီ ထိုင်ပါ "

ရှောင်းကျန့်TV ကိုပိတ်လိုက်ပြီး ထိုင်ခုံတစ်ဖက်ကိုညွှန်ပြလိုက်တယ်။ ချောင်သခင်မက အိမ်ကိုပတ်ကြည့်နေပြီး

"အိမ်တော်ကအရမ်းကောင်းတာဘဲ့ ဝမ်သခင်ကြီးအိမ်တော်ထပ် ကြည့်ပျော်ရှုပျော်ရှိတယ် ကျန့်အာ အန်တီရှန်ဟိုင်း ကိုအခုမှရောက်တာ ဒီကရှောပင်းစင်တာ တစ်ခုခုကိုအန်တီနဲ့မသွားပေးချင်ဘူးလား "

"ဟို.........ဟုတ်ကဲ့ "

ရှောင်းကျန့် အဝတ်သွားလဲမလို့ဆိုပြီး အပေါ်ထပ်ကိုတတ်ခဲ့တယ်။ ရိပေါ်ကိုအကြောင်းကြားမလို့ ဖုန်းကိုင်လိုက်ပေမဲ့ အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ မပြောတော့ချေ။

ရှောင်းကျန့် အပြင်ထွက်လာတော့ ချောင်သခင်မကသူမကားအပေါ်တတ်ဖို့ ရှောင်းကျန့် ကိုတံခါးဖွင့်ပေးတယ်။ ဒါမဲ့ရှောင်းကျန့် အနောက်ကသက်တော်စောင့် နှစ်ယောက်ထွက်လာပြီး

My Lovely Secretary(Complete)حيث تعيش القصص. اكتشف الآن