ll Zawgyi ll
"ရိပေါ် ဘာမှမဖြစ်ဘူး စိတ်ရှုပ်ထွေးသွားယုံဘဲ့ ခဏအနားယူလိုက်ရင်သက်သာပြီ...."
"အင်း...."
ထိုအချိန်ဒါရိုင်ဘာဦးလေး ဝင်လာပြီး
"သခင်လေး...ဘာမှမဖြစ်တာတော်သေးတယ်"
ရိပေါ် တချက်သာခေါင်းငုံပြလိုက်ပြီး ဒါရိုင်ဘာဦးလေး ကိုင်ထားတဲ့လက်ဆွဲအိတ်လေးဆီအကြည့်ရောက်သွားတယ်
"ဦးလေး ဘယ်သူ့ဟာလဲ"
ဒါရိုင်ဘာဦးလေးက အိတ်ကိုနဘေးကခုံလေးပေါ်တင်ပြီး
"အော်...ခုဏကမတော်တဆဖြစ်သွားတဲ့ ကောင်လေးရဲ့အိတ်ပါ "
ရိပေါ် ထိုကောင်လေးရဲ့ငိုသံကိုနားထဲပြန်ကြားဘာတာမို့ ခေါင်းကိုတဖက်သို့လှည့်ကာ မသိမသာပြုံးလိုက်တယ်...
"သူဘာဖြစ်သွားတာလဲ"
"ညာဘက်ခြေထောက်အရိုးအက်သွားတာ တော်တော်ဆိုးတယ် ကံကောင်းလို့မကျိုးသွားတာ ဆရာဝန်ပြောတာတော့ တလလောက်တော့ ကျောက်ပတ်တီးနဲ့နေရမယ်တဲ့ ဒါတောင်ခန့်မှန်းချေအရ ဒီထပ်ကြာရင်ကြာမှာ..."
ဦးလေးရဲ့စကားကြောင့် ရိပေါ် တချက်မျက်မှောင်ကြုတ်လိုက်မိတယ်။ပထမဆုံးတွေ့တာတောင် သူ့ကိုထိခိုက်စေမိပြီလားကွာ....
"ဦးလေး ကျွန်တော်အဆင်ပြေတယ် သူ့ကိုသွားကြည့်ပေးလိုက်လေ..."
"ကောင်းပါပြီ..သခင်လေး"
ဒါရိုင်ဘာဦးလေး ထွက်သွားတော့ကောင်လေးရဲ့ လက်ဆွဲအိတ်လေးကိုထားခဲ့မိတယ်။ရိပေါ် လည်းဘာတွေပါလည်း သိချင်တာမို့ ယူကြည့်လိုက်တယ်။
"ဝန်ထမ်းကတ်...အမ်...ငါ့company ကဘဲ့ ရှောင်းကျန့် တဲ့လား....အခုမှ21 ငယ်သေးတာဘဲ့ "
ဝန်ထမ်းကတ်ပြားလေးနဲ့ နောက်ထပ်ဖိုင်တခုကိုပါမြင်လိုက်တယ်။အလုပ်လျှောက်ရာမှာလိုတဲ့ ကိုယ်ရေးကိုယ်တာဖိုင်လေးတခု...
"Secretary...အာ...ဟုတ်သားဘဲ့ ဒီနေ့secretary အသစ်လာမှာ...ဒီကောင်လေးတဲ့လား စိတ်ဝင်စားစရာဘဲ့... "
ရိပေါ် ရဲ့စိတ်ထဲမှာတော့ ကားပေါ်ကရှောင်းကျန့် ရဲ့ငိုသံစူးစူးလေးကိုသာကြားယောင်ရင်း ပြုံးမိပြန်တယ်။
![](https://img.wattpad.com/cover/251112000-288-k209808.jpg)
ESTÁS LEYENDO
My Lovely Secretary(Complete)
Fanfic|| Zaw & Uni ll Accident တခုမှစတင်ခဲ့သည့်... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)