..18..My Lovely Secretary

6.5K 575 8
                                    

II Zawgyi II

" Bae ထပါအုံး ခေါက်ဆွဲပြုတ်စားရအောင် "

"အင်း "

အိမ်ရောက်တာနဲ့ ရေပတ်တွေတိုက်ပေးပြီး ဆန်ပြုတ်သောက်မလားမေးပေမဲ့ မကြိုက်ဘူး၊မသောက်ချင်ဘူးပြောတာကြောင့် ခေါက်ဆွဲပြုတ်ဘဲ့ကျွေးရတယ်။ ရှောင်းကျန့် စားနေတုန်းရိပေါ်ရဲ့ဖုန်းတုန်ခါလာတာမို့

" Baeကိုယ်ခဏဖုန်းသွားပြောလိုက်မယ်။ စားနေနော်"

"အင်း ကိုကို "

ရိပေါ် အပြင်ကိုထွက်လာပြီး ဖုန်းကိုစိတ်ပျက်စွာပြန်ကိုင်လိုက်တယ်။ ရိပေါ် ဘာမှအရင်မပြောပေမဲ့ ဟိုဘက်ကလူကြီးက

" ရိပေါ် သား...."

"ပြောပါ "

အဖေ့ဆီကဖုန်းတဲ့ အရင်ကတည်းကသူ့ဖုန်းကိုဆက်ဖို့မပြောနဲ့ အိမ်တစ်ဆောင်တည်းမှာအတူနေတာတောင် စားကားသုံးခွန်းထက်ပိုပြီး မပြောခဲ့ဖူးခြေ။

"နောက်နှစ်ရက်ကျရင် ပေကျင်း ကိုပြန်လာခဲ့ ဘာနေ့လဲသိတယ်မလား "

ရိပေါ် မျက်နှာမဲမှောင်သွားပြီး

" ကျွန်တော်မှတ်မိတာပေါ့ ခင်ဗျားမပြောရင်တောင် ကျွန်တော်ပြန်လာမှာပါ အခုပြောမှာဒါဘဲ့မလား..."

"ခဏ အိမ်တော်ကိုလာခဲ့ပါ အဖေကိုသားရဲ့ချစ်သူနဲ့လည်း မိတ်ဆက်ပေးပေါ့ "

ထိုစကားကြောင့် ရိပေါ် တစ်ချက်သတိလက်လွတ်ဖြစ်သွားခဲ့တယ်။

"လာခဲ့ပါ့မယ် "

ပြောပြီးတာနဲ့ဖုန်းချသွားတဲ့ သားဖြစ်သူကြောင့် ဝမ်သခင်ကြီးမျက်နှာမကောင်းချေ ။ ရိပေါ် အိမ်ပေါ်ကဆင်းပြီးတစ်နှစ်ကြာတဲ့အထိ တစ်ခါမှအဆက်အသွယ်မလုပ်၊ အခုရိပေါ် အလုပ်အလုပ်နေတဲ့ Company တောင်သူ့အမေပိုင်တဲ့လုပ်ငန်း ၊သူ့ရဲ့လုပ်ငန်းတွေကိုတစ်ချက်မှ လှည့်မကြည့်ချေ။

"သားပြန်လာမှပဲ့ သေချာတောင်းပန်လိုက်ရမယ်"

ဝမ်သခင်ကြီး ပြောနေတဲ့စကားတွေကို ခိုးနားထောင်နေတဲ့ မယားငယ်ဖြစ်တဲ့ချောင်သခင်မ ကမျက်နှာတွေပုပ်သိုးနေကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး

My Lovely Secretary(Complete)Donde viven las historias. Descúbrelo ahora