..3..My Lovely Secretary

11.3K 911 2
                                    

ll Zawgyi ll

"အိမ်ပြန်မလို့ဆို လမ်းလျှောက်လို့မှမဖြစ်တာ ကိုယ်ပွေ့သွားမှာပေါ့ အိမ်ရောက်မှအမေ့ကိုကိုယ်ရှင်းပြမယ်မငိုနဲ့ "

အလာတုန်းက ကားပေါ်ကိုဘဲ့တတ်သွားပြီး အနောက်ဘက်ခန့်မှာဖြေးဖြေးချပေးလိုက်တယ်။နောက်ပြီးရှောင်းကျန့်နဲ့
နဘေးချင်းကပ်ထိုင်ကာ ဆေးရုံခရှင်းနေတဲ့ ဒါရိုင်ဘာဦးလေး ကိုစောင့်နေလိုက်တယ်။ရိပေါ် ထိုကောင်လေးကိုဘယ်ကစပြောရမလဲ တွေးနေတုန်း မရဲတရဲအသံလေးတထွက်လာခဲ့တယ်....

"ဟို....ဝမ်...ဝမ်CEO. ..ကျွန်တော်....."

"ရိပေါ်...ဒီတိုင်းနာမည်ခေါ်လို့ရတယ်"

ရှောင်းကျန့် ပြောစကားတွေပျောက်ရှကုန်ရသည်။ထိုနောက်လက်ရှိအချိန်ကို ပြန်ရှာတွေ့သွားကာ...

"ဟို..မဖြစ်ပါဘူးဗျ...CEO ကနာမည်ခေါ်ခိုင်းပေမဲ့ ကျွန်တော်ထပ်ကြီးတာကို...ဒီလို...ခေါ် လို့ဘယ်ဖြစ်မလဲ"

ရိပေါ် တချက်စဉ်းစားပြီး ခေါင်းငုံလိုက်တယ်။ဒီကောင်လေးကပခုမှ21 သူက25 ဆိုတော့...

"ဘာမှမဖြစ်ဘူး ကိုယ်ခေါ်ခိုင်းတယ် ဒီတိုင်းရိပေါ် လို့ဘဲ့ခေါ်ဟုတ်ပြီလား...."

ရှောင်းကျန့် ပြန်မဖြေမိ။ခဏအကြာတော့ ဒါရိုင်ဘာဦးလေး ပြန်ရောက်လာပြီး ရှောင်းကျန့် အိမ်ကိုဦးတည်မောင်းလိုက်တယ်။အခုနေရှောင်းကျန့် စဉ်းစားနေတာက အိမ်မှာဘယ်သူမှမရှိဘူးဆိုတာပင်။

"ဟိုအိမ်ဘဲ့ဦးလေး...."

ဒါရိုင်ဘာဦးလေးက ခေါင်းတချက်ငုံ့ပြပြီး ရှောင်းကျန့် ပြောတဲ့အိမ်လေးရှေ့မှာရပ်ပေးလိုက်တယ်။အိမ်လေးက နှစ်ထပ်အိမ်လေး မသေးလွန်း၊မကြီးလွန်းအရွယ်အစားပင် အဖြူရောင်ဆေးသုတ်ထားပြီး အိမ်ထဲမှာပန်းပင်တွေလည်း စိုက်ပျိုးထားသည်။

ဒါရိုင်ဘာဦးလေးက ရိပေါ်ရဲ့စိတ်ကိုသိနေသည့်အလား အရင်ဆင်းပြီးတံခါးဘဲလ် နှိပ်ဖို့အိမ်ရှေ့ခြံအနားသွားလိုက်တယ်။

"ဟို....အိမ်မှာဘယ်သူမှမရှိဘူး...အမေကဈေးရောင်းသွားပြီ...ကျွန်တော့်မှာသော့ရှိတယ်..."

My Lovely Secretary(Complete)Donde viven las historias. Descúbrelo ahora