Il Zawgyi ll
"ရိပေါ် ကျွန်တော်အရင်သွားပြီ bye bye "
ပြောရင်းနဲ့အပြင်ပြေးထွက်သွားတဲ့ ကောင်လေး အတူတူသွားပါမယ်လို့ပြောတာကို လက်မခံချေ။ဘာလို့ဆိုCEO နဲ့အတူလာရင်သူများတွေက ကြည့်နေမှာတဲ့လေ...ရိပေါ်ကလည်း အတူတူသွားချင် နှစ်ယောက်သားငြင်းနေကြရင်း နောက်ဆုံးဂိမ်းတခုဆော့မယ်။ သုံးခါရှုံးရင်နိုင်တဲ့သူအပြောကိုလက်ခံရမယ်ပေါ့ သေချာတာပေါ့ ရိပေါ် ရှောင်းကျန့်ကိုတမင်အရှုံးပေးလိုက်တာပင်။ ဆော့တာကအရမ်းလွယ်တဲ့ဂိမ်းလေးပေါ့ ကျောက်တုံး၊စက္ကူ ၊ကတ်ကြေး ဆော့တာလေ.....
"နောက်ကျမှ မင်းလေးကိုအားလုံးရှေ့မှာ ဆွဲနမ်းပြစ်မယ်"
ခြံပြင်ပြေးထွက်သွားတဲ့ရှောင်းကျန့်ကို ပြတင်းပေါက်ကနေကြည့်ရင်း ကြုံးဝါးလိုက်သည်။ထို့နောက်ကိုယ်တိုင်အလုပ်ကို သွားမလို့ဝတ်စုံကိုထုတ်ဝတ်လိုက်သည်။အမြန်သွားရမည်လေ တော်ကြာcompany မှာတခြားသူတွေနဲ့ အတူရှိနေမှ....
-----------------------
"ဟေ့ ရှောင်းကျန့်မလား...."
အလုပ်ထဲဝင်တာနဲ့လှမ်းခေါ်လိုက်တဲ့ ရင်းနှီးလွန်းအသံကြောင့် လှည့်ကြည့်လိုက်တော့
"ဟမ်....ကျန်းချန်...မင်းဒီမှာအလုပ်လုပ်နေတာလား"
ကျန်းချန်လည်း ရှောင်းကျန့်ကိုအထပ်အောက်ကြည့်ရင်းနဲ့
"အင်း..ငါပေကျင်းရုံးခွဲကနေ ဒီရှန်ဟိုင်းကိုပြောင်းလာရတာ နှစ်ရက်ဘဲရှိသေးတယ် ငါနင့်ကိုဖုန်းဆက်တယ် စက်ပိတ်ထားတယ်တဲ့..."
အခုမှရှောင်းကျန်သတိရတယ် သူ့ဖုန်းလေး Accident မှာကွဲသွားပြီးရိပေါ်အသစ်လဲပေးထားသည်။
"အား..ငါအသစ်ပြောင်းထားတာ အရင်ဖုန်းပျောက်သွားလို့"
ဖုန်းနံပတ်တောင်းပြီး အပေါ်ဆုံးအထပ်ဖြစ်တဲ့ CEO ရုံးခန်းအထိလိုက်ပို့ပေးတဲ့ကျန်းချန်ပင် ထိုအပြင်သူကပြောနေသေးသည်။
" မင်းCEO နဲ့စကားသေချာပြောနော်... ဟူး..အတွင်းရေးမှူးလေးတဲ့လား...ငါတော့မင်းကိုသနားလိုက်တာ"
YOU ARE READING
My Lovely Secretary(Complete)
Fanfiction|| Zaw & Uni ll Accident တခုမှစတင်ခဲ့သည့်... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)