..16..My Lovely Secretary

6.5K 571 10
                                    

II Zawgyi II

" အလုပ်သွားမယ် မြန်မြန်လုပ်ကိုကို.... အဲ့ဒါကြောင့်ပြောတာညနက်တဲ့ထိ.... ဟွန့်  "

ရှောင်းကျန့်တို့ညကတော်တော်ခရီးရောက်သွားတာမို့ မနက်စောစောမထနိုင်ကြဘဲ အပြင်းတစ်နေတာကြာသွားလို့ အလုပ်အချိန်တွေနောက်ကျကုန်သည်။ ရှောင်းကျန့် ကတော့နိုးတာနဲ့ထပေမဲ့ ရိပေါ် ကတော့အင်တင်တင်နဲ့အိပ်နေပြီး မနက်အစည်းအဝေးသွားချိန်မှ လေးကန်လေးကန်ထနေသည်။

"ဟုတ်ပါပြီ Bae ရဲ့မနက်စောစော ဇနီးလေးအာဏာပြသံလေးကြားရတာ ချိုကိုမြိန်နေရောဘဲ့ "

ရှောင်းကျန့် ဘာမှပြန်မပြောဘဲ နက်တိုင်တွေသေချာစီးပေးပြီး အိမ်အောက်ဆင်းလာကာ အဆင်သင့်ပြင်ထားတဲ့ မနက်စာကိုအတူတူစားလိုက်ကြတယ်။

"အစည်းအဝေးတွေနဲ့ တစ်ပတ်အတွင်းအပြီးသတ်ထားရမယ် ပြီးရင်Bae နဲ့လျှောက်လည်မယ်"

ရှောင်းကျန့် ပြုံးလိုက်ပြီး

"အင်း ပြီးရင်သွားကြမယ် "

ထိုအချိန်ကျန်းဆီက မက်ဆေ့တစ်စောင်ဝင်လာခဲ့တယ်။ ဒီနေ့အလုပ်ပြီးရင်အတူသောက်မယ်ပြောထားတာကို နေမကောင်းလို့မလာနိုင်ကြောင်းပြောထားသည်။

"ကိုကို ကျန်းချန်နေမကောင်းလို့ ဒီနေ့အလုပ်လည်းနားတယ် အတူလည်းမသောက်နိုင်ဘူးတဲ့ "

"ဟုတ်လား...."

စားသောက်ပြီးတော့ အလုပ်သွားဖို့အတူတူအပြင်ထွက်သွားတော့မှ အနောက်ကနေအော်သံတစ်ခုကြားလိုက်ရတယ်။

"ရိပေါ်ရေ သွားတော့မှာလား အစောကြီးရှိသေးတာကို "

သူတို့တောင်နောက်ကျနေတာပါဆို အခုမှအိပ်ရာထတဲ့ ရှီးချန်ကအစောကြီးလို့ပြောလိုက်တာကြောင့် ရှောင်းကျန့် ရယ်လိုက်မိပြီး ရိပေါ်ကအပြင်ကိုလက်ဆွဲထွက်သွားကာ

"ငါနဲ့အတူအလုပ်လုပ်ရင် စောစောထဖို့ပြင် "

ပြောရင်းကားပေါ်တက်ပြီး ထွက်သွားတော့တယ်။ ကျန်ခဲ့တဲ့လန်ရှီးချန်မှာတော့ မေတ္တာပို့နေလေရဲ့

.......................

"Bae ဘာဖြစ်တာလဲ နေကောင်းရဲ့လား "

My Lovely Secretary(Complete)Donde viven las historias. Descúbrelo ahora