Il Zawgyi ll
"အိုး....ရှောင်းကျန့်လေးအလုပ်က ကိုယ့်ကိုထိုင်ကြည့်နေရမှာလေ..."
"အမ်..!!"
ရှောင်းကျန့် တခဏတာကြောင်အသွားပြီး ဘာမှမဟုတ်မျက်နှာတွေပူလာမိတယ်။ စိတ်ကိုအသာထိန်းပြီး ထပ်ပြီးမေးလိုက်တယ်။
"အဟင် ရိပေါ် ကျွန်တော်ဘာလုပ်ရမှာလဲလို့"
"ကောင်းပါပြီ ရော့ ဒီဖိုင်တွေနဲ့ကိုယ့်ရဲ့ဒီနေ့ရှယ်ယာရှင် တွေနဲ့တွေ့ရမဲ့အချိန် မှတ်ထားအချိန်ကျရင် ကိုယ့်ကိုသတိပေးပေါ့ ဟုတ်ပြီလား..."
ရိပေါ် ပြောပြနေတုန်းသူ့ဆီမျက်ဝန်း ဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေတဲ့ ရှောင်းကျန့် ကြောင့်ကျေနပ်မိတယ်။
** ဟုတ်တယ် ကိုယ့်ကိုဘဲ့ကြည့်ရမယ် ကောင်လေး**
ရှောင်းကျန့် အလုပ်ဖိုင်တွေပြန်စစ်ပြီး အချိန်တွေကိုသေချာမှတ်ထားသည်။ ထိုနောက်..
"ရိပေါ် နောက်နာရီဝက်ကျရင် (***)လုပ်ငန်းစုက ဒါရိုင်တာလင်းနဲ့တွေဖို့ရှိတယ်"
"အင်း...."
သွားဖို့အတွက် ရှောင်းကျန့်တယောက်ဖိုင်တွေနဲ့ လက်မှတ်ထိုးဖို့လိုအပ်တဲ့ စာရွက်စာတန်းတွေကို သေချာပြန်စစ်ပြီးအိတ်လေးထဲထည့်လိုက်တယ်။ ပထမဆုံး ရှယ်ယာရှင်နဲ့တွေ့ဆုံတာကို လိုက်ရမှာမို့လို့ စိတ်လှုပ်ရှားကာမတည်မငြိမ်ဖြစ်နေမိတယ်
"ဟားဟား....စိတ်လှုပ်ရှားနေတာလား...."
ရှောင်းကျန့် တံခါးပေါက်ကိုသာကြည့်ပြီး လက်ထဲကအိတ်လေးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးခေါင်းညိပ်ရင်းပြန်ဖြေလိုက်တယ်။
"အင်း...အရမ်းစိတ်လှုပ်ရှားနေတယ် ဟူး..."
ဟူး...ဆိုပြီးသက်ပြင်းချလိုက်တာကြောင့် နှုတ်ခမ်းစူစူလေးဖြစ်သွားတဲ့ပုံလေးကို ငေးကြည့်မိရင်းထိုနှုတ်ခမ်းလေးကို နမ်းရိုက်ချင်တဲ့စိတ်ကိုထိန်းမရတော့ ဒါကြောင့်စိတ်လှုပ်ရှားနေတဲ့ ကောင်လေးရဲ့လက်ကိုဆွဲကာ ကိုယ့်ဘက်ကိုလှည့်စေလိုက်တယ်
"ရှောင်းကျန့် ကိုယ်မင်းကိုနမ်းလို့ရမလား"
"ဟမ်!"
YOU ARE READING
My Lovely Secretary(Complete)
Fanfiction|| Zaw & Uni ll Accident တခုမှစတင်ခဲ့သည့်... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)