..22..( zawgyi )

5K 270 0
                                    

( ပြသနာအချို့ရှိလို့ ပြန်တင်ပေးထားတာပါ copy ယူရင်တချို့စာလုံးတွေက ထပ်သွားတာမို့ saung  ပြင်ဖို့ကျန်ခဲ့တာတွေရှိရင် သီးခံပေးပါရှင့် )

=================

"Bae အိပ်ပျော်နေတာလား "

ရိပေါ် အဖေ့ရဲ့စကားတွေကို ခဏမျှမေ့ပြစ်ထားပြီး Bae ရှိတဲ့အခန်းကိုဝင်လာလိုက်တယ်။ အခန်းထဲကTV မွာပိတ္ထားလ်က်သား ကုတင်ရှိတဲ့နေရာကိုကြည့်တော့ သူ့ဘက်ကျောပေးကာ ငြိမ်နေတဲ့ရှောင်းကျန့်။ မဟုတ်သေး အနီးကပ်သွားကြည့်တော့ ပုခုံးလေးတွေမသိမသာတုန်ရင်နေတယ်။ ရိပေါ် စိတ်ပူသွားပြီး

"Bae ငိုနေတာလား ကိုယ့်ကိုကြည့် "

"ဟင့်...မ မငို ပါဘူး "

"ဟူး...Bae ရယ်မျက်ရည်တွေနဲ့ နှာခေါင်းလေးလည်း နီရဲနေပြီ ဒါကိုဘာလို့မငိုဘူးလို့ပြောနေတာလဲBaeရဲ့ ကိုယ့်ကိုစိတ်ပူအောင်....Bae!!"

စိတ်ပူတာမို့ ငိုနေတဲ့ရှောင်းကျန့် အပေါ်အနည်းငယ်အသံမာသွားမိတယ်။ နောက်ဆုံးတော့ Bae ကရှိုက်သံလေးနဲ့ပြောလာခဲ့တယ်။

"ကိုကို Bae ကိုစိတ်ပျက်နေပြီမလား။ ကိုကိုအမြင်မှာရော Bae ကိုကပ်ပါးကောင်လို့မြင်လားဟင် Bae နဲ့မတန်တာကိုမျှော်လင့်နေမိတာလားကိုကို ဟင့် ကျွန်....ကျွန်တော်ကနှိုက်စားနေတာမဟုတ်ပါဘူး "

ရိပေါ် အံဩတကြီးဖြစ်သွားမိတယ်။ ဒီစကားတွေဘယ်သူကများ Bae ကိုလာပြောခဲ့တာပါလဲ ။ အဆုံးဆုံးကတော့ သူ့ကိုတောင်မကြည့်တော့ဘဲ ရှိုက်ငိုကာ Bae ဆိုတဲ့နာမ်စားလေးနေရာမှာ ကျွန်တော်လို့ပြောလိုက်တာမို့ ရိပေါ် ရှောင်းကျန့်မျက်နှာလေးကိုဖွဖွလေးမော့စေပြီး

"Bae ကိုဘယ်သူပြောတာလဲဟင်...ကိုကိုကBae ကိုအချစ်ဆုံးပါ တခြားသူတွေဘယ်လိုပြောပြော မယုံနဲ့နော် Baeကကိုကို့အမြင်မှာ အကောင်းဆုံး၊ အဖြူ စင်ဆုံးချစ်သူလေးဘဲ့... စိတ်မညစ်နဲ့နော် ဘာမှလည်းမတွေးနဲ့ Bae မငိုပါနဲ့တော့နော် ကိုယ့်အချစ်လေးတိတ်တော့ "

ရိပေါ် ရဲ့စကားတွေကြောင့် ရှောင်းကျန့်ရင်ထဲကဝမ်းနည်းမှုတွေ သက်သာသွားတယ်။ ရှောင်းကျန့် ရိပေါ်ရဲ့ရင်ခွင်ထဲခေါင်းလေးငုံ့ထားပြီး ငြိမ်နေမိတယ်။ ဒါကြောင့်ရိပေါ်ရဲ့ စိမ်းသက်နေတဲ့အကြည့်တွေနဲ့ ဒေါသမီးတောက်နေတဲ့ မျက်နှာကိုမမြင်လိုက်ဘူး...

My Lovely Secretary(Complete)Dove le storie prendono vita. Scoprilo ora