..8..My Lovely Secretary

8.8K 738 18
                                    

Il Zawgyi ll

" လုပ်ငန်းမှာထပ်တွေ့တာပေါ့ ဒါရိုင်တာလင်း "

အစကနေအဆုံးထိ သူမကိုလုံးဝဂရုမစိုက်ဘဲ အလုပ်ကိစ္စကိုသာပြောပြီး ပြီးတဲ့အချိန်မှာအေးစက်စက် နှုတ်ဆက်တာမို့ လင်းလုံလုံ လုံးဝမကျေနပ်ပေ။ ဒါမဲ့သူရဲ့မျက်နှာမှာတော့ တောက်ပတဲ့အပြုံးတစ်ခုကိုဟန်မပျက်ပန်ဆင်ထားပြီး

"ဟုတ်ကဲ့ပါ CEO Wang.... "

"အတွင်းရေးမှူးလေး သွားရအောင်"

ရိပေါ် လင်းလုံလုံ နှုတ်ဆက်တာဂရုမစိုက်ချေ။ အလုပ်ကိစ္စ
ပြောတဲ့တစ်ချိန်လုံးသူ့ကို ကြည့်နေတဲ့သူမမျက်လုံးတွေကို လုံးဝသဘောမကျပေ ထိုထက်ပိုစိတ်ပျက်တာက ရှောင်းကျန့် ကိုအထင်သေးတဲ့အကြည့်နဲ့ ကြည့်နေတဲ့အကြည့်တွေကိုပင်....

"ဟုတ်ကဲ့..."

လင်းလုံလုံ ရှောင်းကျန့် ကိုလုံးဝသဘောမကျ ဘာလို့ဆိုသူမနဲ့စကားပြောနေချိန်နဲ့ ရှောင်းကျန့် နဲ့စကားပြောနေချိန်ကလုံးဝကွာခြားပြီး မီးနဲ့ရေ လို့ပင်...ဒါမဲ့သူမကလွယ်တဲ့ယောက်ျားတွေထပ် ခက်တဲ့ယောက်ျားတွေကိုပိုသဘောကျတာမို့ မဲ့ပြုံးတစ်ခုကိုချိပ်ဆွဲလိုက်ကာ။

** ဟင်း တနေ့ကျ ရှင်လည်း ကျွန်မဆီရောက်လာမှာ**

...........................

"ရှောင်းကျန့်ကျန့်လေး ကိုယ်ပြောစရာရှိတယ် ဆိုတာမှတ်မိလား...."

ကားကိုမောင်ရင်းနဲ့ လှမ်းမေးလိုက်တယ်။ ရှောင်းကျန့် ဘာပြောစရာမှန်းမသိဘဲ ပါးတွေနီနားရွက်တွေနီလာမှန်းမသိဘူး ရှက်ရှက်လေးနဲ့ဘဲ ခေါင်းကိုငုံပြီးတစ်ချက်လောက်ညိတ်ပြလိုက်တယ်။

"ကိုယ့် Bae လေးမှတ်မိတာကောင်းတယ် "

Bae ဆိုတဲ့အခေါ်ကြောင့် တချက်ကြောင်သွားပေမဲ့ နားကြားမှားတာနေမှာလို့တွေးပြီး တခြားကိုသာအတွေးတွေပို့ထားလိုက်တယ်။ဒါမှနည်းနည်း ရှက်တာသက်သာမှာလေ ဒါမဲ့ရိပေါ်ကရုတ်တရက် ကားကိုလမ်းဘေးရပ်လိုက်တော့...

"ဘာလို့ရပ်လိုက်လဲ ရိပေါ် "

"အခုကိုယ်ပြောစရာရှိတာပြောမလို့လေ Bae ရဲ့"

My Lovely Secretary(Complete)Where stories live. Discover now