Il Zawgyi ll
" ဟေ့ကောင် ရှောင်းကျန့် နင်ငါ့ကိုလျှိထားတယ် "
ရှောင်းကျန့် သန့်စင်ခန်းသွားတာကိုမြင်လိုက်တာမို့ ကျန်းချန် တစ်ယောက်ပြေးလိုက်လာပြီး စကားလာပြောတယ်။ ရှောင်းကျန့် လက်ဆေးဖို့ရေကိုဖွင့်လိုက်ပြီး
"မဟုတ်ပါဘူးကွ ငါတို့ကမကြာသေးဘူး "
ကျန်းချန် မယုံကြည်ချေ။
"ဟဟ ငါကနင့်နဲ့ပေါင်းလာတာကြာပြီနော်... ကြည့်လိုက်တာနဲ့သိတယ် နင်နဲ့CEO တွဲတာနှစ်နဲ့ချီနေပြီမှန်း "
ကျန်းချန် နောက်ထပ်ပြောဖို့ပြင်နေတုန်း မှန်ကတစ်ဆင့် CEO ဝင်လာတာကိုမြင်လိုက်တယ်။ ကျန်းချန် ကြောက်လန့်တစ်ကြား အိမ်သာတစ်ခုထဲဝင်ပြေးသွားတယ်။
( ဘဝ ဘဝ 😁)
"အိမ်သာတောင်အလွတ်မပေးဘူး နင်လူကြီး "
ရိပေါ် အိမ်သာထဲဝင်လာပြီး ရှောင်းကျန့် လက်မှာပေနေတဲ့ ရေစက်တွေကို တစ်ရှူးလေးနဲ့ပွတ်သုတ်ပေးလိုက်တယ်။
"ကိုကို ဘာလို့လိုက်လာတာလဲ "
"Bae ကိုစိတ်မချလို့ပေါ့ တော်ကြာမကောင်းတဲ့လူတွေနဲ့တွေ့နေမှ "
အိမ်သာထဲကနားထောင်နေတဲ့ ကျန်းချန်မှာလျှာကိုက်လုနီးနီး အသက်ကိုမနဲအောင့်လိုက်ရသည်။
"ဟုတ်ပါပြီ သွားရအောင်ကိုကို "
..............................
ညနေအလုပ်ဆင်းချိန်မှာ အမေရှိတဲ့ ဆေးရုံကို ဝင်ခဲ့တယ်။ နဂိုကအတိုင်းပုံမပျက်ပဲ အိပ်ပျော်နေတဲ့အမေ့နဘေးထိုင်ကာ လက်ကိုဆုပ်ကိုင်လိုက်ပြီး
"အမေ သားအတွက်စိတ်မပူပါနဲ့ အမေပြန်ကောင်းလာမယ်လို့သားယုံကြည်တယ်။ နောက်ပြီး အမေ့ကိုမိတ်ဆက်ပေးစရာလူတစ်ယောက်ရှိတယ်....ဟီး "
အမေ့ကိုပြောရင်း နဘေးကရပ်နေတဲ့ ရိပေါ်ကိုကြည့်ရင်းပြောလိုက်တယ်။ ရိပေါ် ကလည်းအမေ့ဘက်ကိုလှည့်ပြီး
" အမေပြန်ကောင်းလာရင် Bae ကိုတင့်တောင့်တင့်တယ် တင်တောင်းမှာပါ "
"ကိုကို.... တကယ်ဘဲ့ "
တတ်လည်းတတ်နိုင်လွန်းတယ် လို့တွေးလိုက်ပြီး အမေ့ကိုနှုတ်ဆက်လိုက်တယ်။ ရိပေါ် ကားမောင်းရင်းနဲ့ အပြင်ကိုငေးကြည့်ပြီး စိတ်ဝင်စားစရာတစ်ခုကိုတွေရင်း မျက်လုံးလေးလင်းသွားပြီး နှုတ်ခမ်းလေးတွေကပွစိပွစိနဲ့ပြောနေပုံလေးက အလွန်ကိုချစ်စရာကောင်းလှတယ်။
ESTÁS LEYENDO
My Lovely Secretary(Complete)
Fanfic|| Zaw & Uni ll Accident တခုမှစတင်ခဲ့သည့်... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)