..17..My Lovely Secretary

6.4K 643 14
                                    

II Zawgyi II

" Bae ခေါင်းအရမ်းမူးနေလား လှဲနေလိုက်နော် "

ရိပေါ် ရုံးခန်းထဲကရိပေါ်ရဲ့ သီးသန့်အနားယူခန်းကိုခေါ်လာပြီး ကုတင်ပေါ်မှာချပေးလိုက်တယ်။ ခဏကြာတော့ခေါ်ထားတဲ့ ဆရာဝန်ရောက်လာခဲ့ပြီး ရှောင်းကျန့် နေမကောင်းတာကြောင့် ဆေးတွေပေးပြီး နားနားနေနေ နေဖို့ပြောပြီးပြန်သွားတယ်။

"ဆေးသောက်လိုက် Bae  "

ရှောင်းကျန့် ခေါင်းမူးနေတာမို့မျက်လုံးတွေမဖွင့်ဘဲ ဆေးကိုရိပေါ်ခွံကျွေးတဲ့အတိုင်းသောက်ကာ အိပ်ရာပေါ်လှဲနေလိုက်တယ်။ အိပ်ဆေးလည်းပါပြီး တစ်ကိုယ်လုံးနုံးချိနေတာမို့ ရိပေါ်လက်ပေါ်မှာတင်အိပ်ပျော်သွားတော့တယ်။

" Bae ကိုယ်ပြန်လာခဲ့မယ်နော်... "

စကားသံတိုးတိုးလေးနဲ့ပြောလိုက်ပြီး နဖူးလေးကိုဖွဖွနမ်းကာ အိပ်ရာပေါ်ညင်သာစွာချပေးပြီး အပြင်ထွက်ခဲ့တယ်။
အပြင်ရောက်တာနဲ့ ပုံစံကတစ်မျိုးပြောင်းသွားပြီး လူတိုင်းစေ့စေ့မကြည့်ရဲတဲ့ ပုံစံကိုပြောင်းလဲသွားတော့တယ်။ သူ့ရဲ့ရုံးခန်းမှာအနက်ရောင်ဝတ်စုံတွေနဲ့ လူတွေကရပ်နေကြပြီး ရိပေါ်ကိုမြင်တော့ ခေါင်းငုံအရိုအသေပေးလိုက်ကြတယ်။ ရိပေါ် ကဒူးထောက်နေတဲ့ လူ၅ယောက်ဘက်လှည့်ပြီး...တစ်ယောက်ချင်းစီ မျက်နှာတွေ၊ ဗိုက်တွေယောင်ကန်းတဲ့ထိရိုက်လိုက်တယ်။ ထိုအပြုအမူကြောင့် မိန်းကလေးနှစ်ယောက် တုန်တတ်နေပြီး

"တောင်းပန်ပါတယ်.... C. ...CEO "

"ဟက်... ငါကမိန်းကလေးဖြစ်နေလို့ညှာတာမယ်ထင်နေလား "

ပြောရင်း မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ကိုဆောင့်ဆွဲလိုက်ပြီး နံရံနဲ့အရှိန်ပြင်းပြင်းဝင်ဆောင့်စေတယ်။ ထိုမိန်းကလေးနဖူးကသွေးတွေ စီးကျလာပြီးထတောင်မရပ်နိုင်တော့ပေ.... ရိပေါ် ကမကျေနပ်နပ်နိုင်သေးဘဲ

"ဒီပါးစပ်က ငါ့ Bae ကိုမကောင်းကြောင်းပြောတာမလား"

ပြောရင်းနဲ့ပါးကိုရိုက်ထည့်လိုက်ပြီး သွားတွေကျွတ်တဲ့အထိပြင်းပြင်းထန်ထန် ရိုက်ပြစ်လိုက်တယ်။ထိုမိန်းကလေး မခံနိုင်ဘဲသတိလစ်သွားတော့တယ်။ တစ်ယောက်ပြီးတော့နောက်တစ်ယောက်ဘက်လှည့်လိုက်တယ်....

My Lovely Secretary(Complete)Donde viven las historias. Descúbrelo ahora