~ 3 ~

5.5K 534 70
                                    

Unicode
________

စားပွဲပေါ်က အငွေ့တထောင်းထောင်း ထနေသည့် ကော်ဖီခွက်က အငွေ့သေပြီး အေးစက်နေပြီ။ဒီဆိုင်လေးမှာ သူထိုင်နေသည်မှာ တစ်နာရီမကတော့​​။တစ်ချက် တစ်ချက်  ပါးရိုးနေရာက ဆစ်ကနဲ ကိုက်သေးသည်။လျှာထိုးဉီးထုပ် အနက်ရောင်ကို မျက်နှာတစ်ခုလုံး ကွယ်မတတ်ဆောင်းထားခြင်းက သူ့ဒဏ်ရာတွေကို အတော်အသင့် ဖုံးကွယ်နိုင်သည်။

"အစ်ကို...တစ်ယောက်ယောက်ကိုများ စောင့်နေတာလား။ထိုင်နေတာကြာပြီနော်"

Waiter လေး၏ စကားကြောင့် ဂျောင်ကုက မသက်မသာပြုံးသည်။တစ်ခုခုလှစ်ဟာနေသော ခံစားချက်က ဘယ်အရာနဲ့မှ အစားထိုးလို့မရနိုင်အောင် တင်းကြပ်သည်။ဒီနေ့နေ့ဆို အစ်ကို့ကို မတွေ့ရတာ သုံးရက်ရှိပြီ။အစ်ကိုက ရှာမတွေ့အောင်ပုန်းကွယ်တဲ့နေရာမှာ တော်လွန်းတယ်။

"လူတစ်ယောက်ကို စောင့်နေတာပါ..ဒါပေမဲ့ သူက ကိုယ့်ကို မတွေ့ချင်ဘူး ထင်ပါရဲ့..အရိပ်အယောင်တောင် မတွေ့ရတော့ဘူး"

သောက်ချင်စိတ်မရှိတော့သည့် ကော်ဖီခွက်ကို မတို့မထိဘဲ ကျသင့်ငွေကိုရှင်းကာ ထွက်လာခဲ့သည်။ဦးတည်ချက်မဲ့နေသည့် ခြေလှမ်းတွေက လျော့တိလျော့ရဲနှင့်။မတွေ့ရတဲ့ သုံးရက်မှာ ကိုယ့်ကိုယ်ကို ဒီလောက်ထိ ပြိုလဲကျသွားမယ်မှန်း မထင်မိခဲ့ပေ။

လမ်းမပေါ်မှာ ရုတ်တရက်ဖြတ်လျှောက်သွားမယ် ထင်ပြီး ခြေထောက်တွေ ကျဉ်တဲ့အထိ အရူးတစ်ယောက်လို မျှော်နေမိတဲ့ ကျွန်တော့်ရဲ့ မသိစိတ်က ပုံမှန်မဟုတ်တာတော့ ကိုယ့်ကိုယ်ကို သိတယ်။

မိုးစက်တွေကို ငေးရတာကြိုက်ပေမယ့် ဒီလိုမျိုး မိုးရွာထဲမှာ တစ်ယောက်ယောက်ကို ရပ်စောင့်နေရတာကိုတော့ မုန်းတယ်။

ကိုယ်ချစ်တဲ့ မင်းကို အဝေးက ကြည့်နေရတာကိုလည်း တကယ် မုန်းတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘာ!! အဲ့ဒါနဲ့တင် ငါ့ကို မင်းရဲ့ချစ်သူလို့ပြောခဲ့တယ်ပေါ့..ဟုတ်လား"

ယွန်းဂီအသံက အတော်အတန် ကျယ်ထွက်သွားတာမို့ ဘေးစားပွဲက လူတွေကပါ လှည့်ကြည့်ကြသည်။စားလက်စ ကိတ်မုန့်ကို ပစ်ချပြီး ယွန်းဂီက ခုံပေါ်မှာ ခပ်လျောလျောအနေအထိုင်ဖြင့် ထိုင်သည်။ရှုံ့မဲ့သွားသော မျက်နှာက ရှေ့က ဆော့ဂျင်ကိုကြည့်ကာ ဘာတွေ သဘောကျတယ်မသိ။တဟားဟားနဲ့ အော်ရယ်သည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now