~ 18 ~

3.3K 386 75
                                    

Unicode
________

ကားပေါ် ဆင်းဆင်းချင်း အိမ်ပေါ်ကို ခပ်မြန်မြန်လျှောက်မိသည်။အိမ်ပေါ်ရောက်သည်နှင့် အပေါ်က ထပ်ဝတ်ထားသော အကျီလက်ရှည် အနက်ကို အကျီချိတ်မှာ ချိတ်လိုက်သည်။ရာသီဥတုက အရမ်းပူမနေသည့်တိုင် သူ့နှုတ်ခမ်းတစ်ဝိုက်တွင်တော့ ချွေးစို့နေသည်။

“ဟူး...”

လေပူ တစ်ချက်မှုတ်ထုတ်ပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့ အချိုရည်တစ်ဘူးက သူ့မျက်နှာရှေ့တည့်တည့်ရောက်လာသည်။

“ပင်ပန်းသွားပြီလား.အစ်ကို.ဒါလေးသောက်လိုက်ပါဦး”

ဂျောင်ကုက လက်ထဲက အထုပ်ပေါင်းစုံကို သူ့နေရာနှင့်သူ နေရာတကျ ဖြစ်အောင်ထားသည်။ဟင်းသီးဟင်းရွက်၊အသားငါးတစ်ချို့ကို ရေခဲသေတ္တာထည့်သည်။တခြား အိမ်အသုံး အဆောင် ပစ္စည်း တိုလီထွာလီလေးတွေကအစ ပါအောင်ဝယ်လာသည်။ဥပမာ-အိမ်စီးဖိနပ်၊သွားတိုက်တံ၊ဆပ်ပြာကအစ အိပ်ရာခင်း၊ခေါင်းအုံးက အဆုံး အကုန်ပါသည်။ကောင်လေးက ပိုက်ဆံရှိသည့်အသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့ပေမယ့် အောက်သက်ကြေလွန်းသည်။

အားလုံးပြီးသွားသောအခါ ေဂျာင်ကုက ဆော့ဂျင်ဘေးကပ်ရပ်တွင် ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ချွေးစို့နေသော ဆော့ဂျင် နားသယ်စပ်ကိ​ု သပ်တင်ပေးရင်း အပြုံးနှင့်ဆိုသည်။

“အစ်ကို ဒီနေ့လျှောက် သွားရတာ ပင်ပန်းနေပြီလား”

“နည်းနည်းတော့ ပင်ပန်းတယ်”

“နှိပ်ပေးရမလား”

“နေပါစေ...ရ...”

ဂျောင်ကုက စကားဆုံးအောင် ​စောင့်မနေ။ဆော့ဂျင်၏ ခြေထောက်တစ်ဖက်ကို ပေါင်ပေါ်အသာအယာ ဆွဲတင်ကာ နှိပ်နယ်ပေးသည်။မိမိထက် ငါးနှစ်ကြီးသူမို့ ချစ်သူတစ်ယောက်လို ချစ်သည့်အပြင် အစ်ကိုကြီး တစ်ယောက်လိုလည်း ပြုစုယုယရသေးသည်။

“ရပါတယ်”

ဆော့ဂျင်က အားနာဟန်ဖြင့် အသံတိုးတိုးထွက်ကာ အထွန့်တက်လိုက်သေးသည်။သို့သော် ဂျောင်ကုလက်တွေက အားလျော့မသွား။ခြေသလုံး ကြွက်သားများ အပေါ်တွင် ခပ်မှန်မှန် ပြေးလွှားနေကြသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now