Extra

6K 443 127
                                    

Unicode
_________

"ကိုကို့ရဲ့ ကလေးရေ အိပ်ရာထ ဖို့အချိန်တန်ပြီ"

အိပ်ခန်းတံခါးကို အသာဖွင့်ကာ ခြေသံဖွဖွနင်းရင်း ဆော့ဂျင် အသံပြုလိုက်သည်။ကုတင်ပေါ်မှာ စောင်တွေနဲ့ လုံးထွေးပြီး ဝမ်းလျားမှောက်အိပ်နေသူက တုပ်တုပ်တောင်မလှုပ်သေး။

နံနက်စာ နှင့် ညနေစာကို သူတို့နှစ်ယောက် တစ်ယောက် တစ်လှည့်စီ တာဝန်ယူပြီး ချက်ပြုတ်ကြတာဖြစ်သည်။ဒီနေ့က ဆော့ဂျင်အလှည့်။ရုံးပိတ်ရက်မို့ ဂျောင်ကုက တော်တော်နှင့်မထဘဲ အသေအကြေအိပ်နေဟန်တူသည်။

"ဂေျာင်ကုကီး..ထတော့နော်"

လေသံကို တစ်ထစ်နှိမ့်ချလိုက်ရင်း ခပ်တိုးတိုးနှိုးကြည့်သည်။ အိပ်ရာနှိုးသည်ဟု ဆိုသော်လည်း ထိုကောင်လေးအနားကို ဆော့ဂျင် သိပ်တော့မကပ်ရဲပါ။ပိုပြီး ထွားကျိုင်းလာသော ခန္ဓာကိုယ်က အားနဲ့များ ဖက်လိုက်လျှင် တော်တော်နဲ့ လွတ်မြောက်ဖို့ လမ်းမမြင်သောကြောင့်ဖြစ်သည်။

ရှုပ်ထွေးနေသော နဖူးထက်က ဆံပင်များက ခေါင်းအုံးပေါ်တွင် အခွေလိုက်ကျကာ နှုတ်ခမ်းပါးတစ်စုံက အနည်းငယ် ဟ နေသည်။အရင်တစ်ခါက ထို ဟ, ထားသောနှုတ်ခမ်းလေးကို အသည်းယားကာ ဆော့ဂျင်က လက်ညှိုးနှင့် သွားထိုးကြည့်ဖူးသည်။ထိုအခါ အိပ်ချင်ယောင်ဆောင်နေသော အကျင့်မကောင်းလေးက အကွင်းလိုက် အရာထင်အောင် ကိုက်ချသည်။ထို့ကြောင့် သတိလက်လွတ်ဖြင့် ထိုကောင်လေးအနားကို သူရဲရဲတင်းတင်း မကပ်တော့။

"ဂေျာင်ကု ထ တော့"

သူ့အသံက အနည်းငယ် မာသွားသည်။

"ဟင်...အင်း.... ၅ မိနစ်ပဲ..."

လူကတော့ မထသေးဘဲ လက်၅ခေျာင်းထောင်ပြကာ ပြန်အိပ်သွားသည်။ခါးအထိ လျှောကျနေသော စောင်ကို မျက်နှာအုပ်သည်အထိ ဆွဲခြုံသွားတာမို့ ဆော့ဂျင် ဒေါဖောင်းသွားသည်။ထို့ကြောင့် ကုတင်အောက်သို့ ပြုတ်ကျနေသော ဖက်လုံးကို ကောက်ကိုင်လိုက်ပြီး ကောင်လေး၏ တင်ပါးကို ဘုန်းကနဲ ​ရိုက်ချပစ်လိုက်သည်။

"နောက် ၅ မိနစ်နေလို့မှ မထရင် ငါ မင်းကို လုပ်မှာနော်"

ထိုသို့ ရာဇသံပေးပြီးသည်နှင့် အိပ်ခန်းထဲကနေ သူလှည့်ထွက်ခဲ့ကာ မီးဖိုခန်းသို့ ပြန်ဝင်ပြီး နံနက်စာချက်ပြုတ်ခြင်းကို အပြီးသတ်လိုက်သည်။ထို့နောက် ရေချိုးပြီး အဝတ်အစားလဲပြီးတော့ နာရီကိုကြည့်လိုက်တော့ မနက်၈နာရီ တိတိ။ဂျောင်ကု အိပ်နေသည့် အခန်းကိုလှမ်းကြည့်လိုက်တော့ အရိပ်အယောင်တောင် မတွေ့ရ။ နည်းနည်းတော့ များနေပြီ..ဒီကောင်လေး။

BEFORE I GO || JINKOOK ✓Where stories live. Discover now