Ending

6.8K 471 187
                                    

Unicode
_________

"ခင်ဗျား ကျုပ်နောက်ကို ဘာကိစ္စလိုက်လာတာလဲ"

ဂျောင်ကု မျက်လုံးတွေက ဆော့ဂျင်ကို ကြည့်မနေ။ဖျတ်ကနဲ တစ်ချက်သာ ကြည့်ပြီး မျက်နှာပြန်လွှဲသွားသည်။ဆော့ဂျင်ဖြေမည့် အဖြေစကားကိုလည်း မစောင့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ရှေ့ကိုသာ ဆက်လျှောက်သွားသည်။

" ဂျောင် ကု "

သူ ေနာက်ထပ် တစ်ခေါက်ခေါ်လိုက်တော့ ဂျောင်ကုက အေးစက်စက်မျက်လုံးများဖြင့် တကယ်ပင် သံယောဇဉ် ​ကုန်ခမ်းသွားလေဟန် ဖြင့် လှည့်ကြည့်လာသည်။

"ဆက်လိုက်မလာနဲ့"

ဟင့်အင်း။ ငါက ဒီလောက်နဲ့ အလျှော့ပေးမယ်လို့ ထင်နေလား။ လုံးဝပဲ။

"လိုက်မှာပဲ"

ပြောပြီး ဂျောင်ကု ခြေလှမ်းတွေနောက်ကို သူအမီလိုက်သည်။သိပ်မကြာခင် ဂျောင်ကုနံဘေးသို့ သူရောက်သွားသည်။သူ လိုက်မမီအောင် ခပ်သွက်သွက် လမ်းလျှောက်နေတဲ့ ကောင်လေးကို ကျော်တက်လိုက်ပြီး ရှေ့ကနေ ပိတ်ရပ်လိုက်သည်။ထိုအခါ တည်တင်းနေသော မျက်နှာ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများ​ဖြင့် မျက်မှောင်ကြုတ်ကာ သူ့ကိုစိုက်ကြည့်လာသည်။

"ဘာဖြစ်နေလဲ ခင်ဗျား"

"ဘာမှ မဖြစ်ပါဘူး"

ဆော့ဂျင်က တမင်သက်သက် မအူမလည်ပုံဖမ်းကာ ပါးစပ်ထဲက အငွေ့တွေကို မှုတ်ထုတ်လိုက်သည်။လက်နှစ်ဖက်ကို တင်းတင်းပိုက်ပြီး မျက်တောင်တွေကို ပုတ်ခတ်,ပုတ်ခတ်လုပ်လိုက်သည်။

ထိုအခါ ကောင်လေးမျက်နှာက အရောင်တစ်မျိုးပြောင်းသွားသည်။ခုနကလောက် တင်းမာမနေတော့ဘဲ ပါးစောင်ကို လျှာဖြင့်ထိုးကာ ဂျစ်ကန်ကန် စိုက်ကြည့်သည်။ကလေးဆိုးကို ပြောမရလို့ လွှတ်ထားလိုက်သည့် ပုံစံဖြင့်။

"ကျုပ်ရှေ့က ဖယ်ပေး"

"မဖယ်ဘူး"

"ကင် ဆော့ ဂျင် "

ဂျောင်ကု အသံမာမာနဲ့ အော်လိုက်​ပေမယ့် ဆော့ဂျင်က နည်းနည်းလေးတောင် ဖြုံမသွား။အရင်က ဒီလိုလေသံမျိုးနဲ့သာဆို သူ ဒီကောင်လေးကို နှစ်ချက်လောက် ထုလိုက်မိမှာ။ယခုတော့ ဆော့ဂျင်က ဒေါသထွက်ဟန်လည်းမပြ။မျက်လုံးများတွင် ရယ်မြူးရိပ်များ သန်းနေသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now