~ 6 ~

5.2K 518 168
                                    

Unicode
________

ရှေ့က ဆိုဖာခုံပေါ်မှာ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေတဲ့ ကောင်မလေးက မျက်ရည်ကြည်တွေ ပြည့်အိုင်လာတဲ့အထိ ကြောက်လန့်နေရှာသည်။လက်ချောင်းအချင်းချင်းကို ဖိချေပြီး အောက်နှုတ်ခမ်းကို ပေါက်မတတ်ကိုက်သည်။ဒူးအထိဖုံးနေသော စကတ်ကို စိတ်ကျဉ်းကျပ်သည့်ပုံစံဖြင့် ခဏခဏဆွဲချသည်။ကပိုကရိုကျနေသော ဆံပင်က ဘယ်ဘက်ပါးတစ်ခြမ်းကို ဖုံးလုမတတ်။မျက်တောင်ကော့ကြီးများအောက်က မျက်လုံးဝိုင်းတွေမှာ အရည်ကြည်တွေ ဝေ့နေသည်။

"အဲ့ဒီတော့ မင်းအဖေကို ဒီအမှုကနေ ကွင်းလုံးကျွတ်စေချင်တယ်ပေါ့"

ဂျွန်ဂျယ်အင်းက မျက်မှန်ပေါ်က ကျော်ကာ အကဲခတ်သလို လှမ်းကြည့်သည်။အရောင်တဖိတ်ဖိတ်လက်နေသော မျက်ဝန်းတွေက သွေးဆာနေသော ကျားတစ်ကောင်နှယ်။

"ဟုတ်....ဟုတ်ကဲ့.....တရား..တရားသူကြီးမင်း"

သနားကမားရုပ်ရည်လေးနှင့် ထိုကောင်မလေးက စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် တောင်းဆိုရှာသည်။လက်ထဲက စကတ်အစကိုလည်း ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲဆုပ်ထားသည်မှာ ကြေမွနေလေပြီ။

ဂျွန်ဂျယ်အင်းက တစ်ချက်ပြုံးလိုက်ရင်း ထိုကောင်မလေးရှေ့ထိ တိုးသွားကာ ခပ်တိုးတိုးပြောသည်။

"တစ်ခုလောက် အလဲအလှယ်လုပ်ရအောင် "

"ဟုတ်...ဟုတ်ကဲ့....အဖေ့ကို လွတ်အောင်ကူညီပေးနိုင်ရင် ဘာမဆိုလုပ်...လုပ်ပါ့မယ်"

ကောင်မလေးက ထိုင်ခုံပေါ်က ချက်ချင်းဆင်းကာ သူ့ခြေထောက်နှစ်ဖက်ကို ဖက်ပြီး ဝမ်းသာအားရခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

ဆံနွယ်တွေကို လက်တစ်ဖက်ဖြင့် ဖွယူကာ နမ်းရှိုက်သည်။ထို့နောက် နားနားကပ်ကာ လေသံမျှပြောသည်။

"ကိုယ်နဲ့တစ်ည အိပ်ပေးရမယ်"

"ရှင်....."

မျှော်လင့်မထားသော စကားကြောင့် မျက်ရည်အိုင်ထွန်းနေသည့် မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်ကာ နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်သည်အထိ ထိတ်လန့်သွားသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now