~ 4 ~

5K 487 57
                                    

Unicode
________

ညိုပြာရောင် တိမ်တိုက်တစ်ချို့က ထွက်ပေါ်လာမည့် နေမင်းကို ဖုံးကွယ်တားဆီးထားသည်။မိုးရနံ့ပါသော ခပ်စိမ်းစိမ်း လေတို့က ပတ်ဝန်းကျင် တစ်ခုလုံးကြီးစိုးနေ၏။အေးလိုက်သည့် ဖြစ်ခြင်း။

လက်က လက်ပတ်နာရီကိုငုံ့ကြည့်တော့ မနက် ၆ နာရီတိတိ။ကျယ်ပြန့်သော ပခုံးနှင့်လိုက်ဖက်ညီစွာ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ယုံကြည်မှုအပြည့်။ခေတ်လူငယ်ပီပီ ရှပ်အကျီကြည်ပြာရောင်၊style pant အနက်ရောင်ကို တွဲဖက်ဝတ်ဆင်ထားသော ဆော့ဂျင်ပုံစံက ဆိုးလ်နံနက်ခင်းနှင့် အပြိုင်နုပျိုလန်းဆန်းနေသည်။

Cake bakery ဆိုင်လေးကို ဖွင့်ထားသည်မှာ ၁ နှစ်ကျော်လောက်ပဲရှိသေး၏။အဖေမရှိတော့သည့် နောက်ပိုင်း စိတ်ပြေလက်ပျောက် သဘောမျိုးနှင့် ဖွင့်ခဲ့တာ ပေမယ့် customer အတော်များများ၏ အားပေးမှုကြောင့် အရင်ကထက် အာရုံစိုက်ကာ သူ့ဘဝတစ်ခုလုံးကို ကိတ်မုန့်ဖန်တီးခြင်းအပေါ်မှာပဲ နှစ်မြှုပ်ထားတော့သည်။

ဒီနေ့လည်း menu အသစ်အတွက် စမ်းသပ်ကြည့်ဖို့ ဒီလို အေးစက်နေတဲ့ မနက်ခင်းမှာတောင် ဇိမ်မယူနိုင်ဘဲ ဆိုင်ကိုစောစော ထွက်ခဲ့ခြင်း။ဆိုင်ရှေ့ ခုံတန်းတွေပေါ်က တစ်စုံတစ်ယောက်ကို မမြင်ခင်အချိန်အထိတော့ သူ့မျက်နှာပေါ် ကြည်နူးခြင်းတွေ အပြည့်နှင့် ဖြစ်သည်။

"အစ်ကို..."

ခပ်နွမ်းနွမ်း အပြုံးတစ်ပွင့်နှင့်အတူ ဆော့ဂျင် မျက်နှာကို ကြည့်ကာခေါ်သည်။မပြေချင်သေးသော ဒေါသတရားကို နောက်ထပ်တစ်ဖန်မမွေးဖွားလာခင် ဆိုင်ထဲအတင်းဝင်ပြီး အရှေ့က မှန်တံခါးကို အသေပိတ်ပစ်လိုက်သည်။

"အစ်ကို စိတ်ဆိုးမပြေမချင်း ကျွန်တော်မပြန်ဘဲ တောင်းပန်ပါ့မယ်"

ဒီကောင်လေး သိပ်အကြောတင်းသလို သိပ်လည်းခေါင်းမာတယ်။အဲ့ဒီလိုလူမျိုးတွေဆို သိပ်မုန်းတယ်။သူ့ဘာသာ ဘာဖြစ်ဖြစ်...လှည့်ကိုမကြည့်ချင်တာ။

Apron ကြိုးတွေကို ခါးမှာချည်လိုက်ပြီး ကိတ်မုန့်လုပ်ဖို့ပြင်ဆင်ရသည်။မိုးစက်တွေ တဖွဲဖွဲကျလာသည်။လေတစ်ချက်အဝှေ့တွင် ဆိုင်ရှေ့မှန်ချပ်တွေအပေါ် မိုးရေတွေ ဖြန်းကနဲ လာစင်သည်။ဆိုင်မှာ အကူခေါ်ထားတဲ့ ကောင်လေးက နေမကောင်းဆိုသည့် အကြောင်းပြချက်နှင့်ခွင့်တစ်ပတ်ယူထားသည်။
ဆိုင်ဖွင့်တာကအစ ပိတ်တာအဆုံး ဆော့ဂျင်တစ်ယောက်တည်း သိမ်းကြုံးလုပ်နေ၍ ဒီရက်ပိုင်းအတော်ပင်ပန်းသည်။

BEFORE I GO || JINKOOK ✓Where stories live. Discover now