~ 8 ~

4.3K 444 149
                                    

Unicode
_______

ကုတင်ဘေးက နာရီကိုယူကြည့်မိတော့ နံနက် ၆နာရီတိတိ။ညက မိုးတွေထပ်ရွာသေးသည်။ဝမ်းဗိုက်နေရာက စူးကနဲဖြစ်သွားရကာ နံရံကိုအားပြုပြီး ထ ရပ်သည်။အပြာရောင်လိုက်ကာစကို ဖြည်းဖြည်းချင်းဖွင့်တော့ မြေနံ့သင်းသင်းက နံနက်ခင်းအတွက် သဘာဝကပေးသော ခွန်အားတစ်ခုနှယ် လတ်ဆတ်လွန်းသည်။

မိုးရေစက်တစ်ချို့ တင်ကျန်နေသည့် သစ်ရွက်စိမ်းတို့ကပြတင်းပေါက်ဝမှာ လာရောက်ထိခတ်နေသည်။ဆော့ဂျင် ညက ကောင်းကောင်းအိပ်မပျော်ခဲ့ပါ။အကျီ ကြယ်သီးတွေကို အသာဖြုတ်လိုက်ရင်း ကိုယ့်ဗိုက်ကိုယ်ငုံ့ကြည့်မိတော့ သွေးစသွေးနတွေစီးကပ်ခြောက်နေပြီ။အကိုက်အခဲပျောက်ဆေး ကြိုတင်သောက်ထားလို့သာ ဒီလောက်ထိ နေနိုင်ခြင်းဖြစ်သည်။

"ဟင်!"

အကျီကြယ်သီးဖြုတ်လျက်သား ရင်ဘတ်ဟစိပုံစံနှင့်ပင် အခန်းအပြင်ကိုထွက်တော့ အခန်းဝက ထိုင်ခုံပေါ်မှာ မေးတင်ပြီးအိပ်ပျော်နေတဲ့ ကောင်လေး။ ပြန်သွားပြီထင်ပြီး ညက သူထွက်မကြည့်ခဲ့တာ။ဂျွန်
ဂျောင်ကုရဲ့ ပြောရင်ပြောသည့်အတိုင်း လုပ်တတ်တဲ့အကျင့်ကို သူမေ့သွားခဲ့တာ။

"ဒီမှာ...."

နှိုးမလို့လုပ်ပြီးကာမှ အသက်ရှုသံ ပြင်းပြင်းနဲ့ အိပ်မောကျနေပုံရတဲ့ကောင်လေးကို နှိုးရမှာ လက်တွန့်သွား၏။ရှေ့ဆက်ပြီး လှမ်းမည့်ခြေထောက်တွေက အလိုလိုတုံ့ဆိုင်းသွားကာ ဂျောင်ကုနဲ့တစ်တန်းတည်းဖြစ်အောင် ထိုင်ချလိုက်မိသည်။

အနီးကပ်ကြည့်လေ၊ကလေးနဲ့ပိုတူလေ။
နှာသီးလုံးလေးက ထိပ်မှာနီမြန်းနေပြီး နှုတ်ခမ်းပါးတွေကို ခပ်တင်းတင်း စေ့ထားသည်။မှေးမှိတ်ထားသော မျက်တောင်တိုစိပ်စိပ်တွေက စိုစွတ်နေတုန်းပင်။မေးရိုးထင်းထင်းနဲ့ sexy typeပုံစံဖမ်းထားပေမယ့် တစ်ခါတစ်လေကျ ဂျီကျတတ်သည့် ကလေးဆိုးတစ်ယောက်နှင့်ပိုတူသည်။

"အဂျစ်ကလေး "

လွှတ်ခနဲခေါ်လိုက်မိသည့် နာမ်စားလေးကို ကိုယ်တိုင် ပြန်ရှက်သွားရကာ ဆော့ဂျင်မျက်နှာတွေ ပူရှိန်းရှိန်းဖြစ်လာသည်။မျက်ခွံတွေနားမှာ ဝဲနေသည့် ဆံပင်တွေကိုသပ်တင်ပေးမလို့ လက်ရွယ်ပြီးကာမှ ဘာကြောင့်မှန်းမသိ၊လက်တွေ နောက်ပြန်ရုတ်သိမ်းလိုက်၏။ပြီးတော့ သက်ပြင်းတစ်ခုကို လေးလေးပင်ပင်ချလိုက်ပြီး ရေချိုးခန်းဆီကိုပဲ ဦးတည်လျှောက်သွားသည်။ ခုံပေါ်မှာ အိပ်ပျော်နေဆဲကောင်လေးကို လျစ်လျူရှုခဲ့သည်။ကြင်နာမယ်၊ ဂရုစိုက်မယ်ကြံတိုင်း ဆပ်ပြာပူဖောင်းသဖွယ် ခဏလေးအတွင်း ပျောက်ကွယ်သွားသည့် စိတ်က ဘာကြောင့်လဲဆိုတာ သူကိုယ်တိုင်အဖြေရှာမရခဲ့ပါ။

BEFORE I GO || JINKOOK ✓Where stories live. Discover now