Unicode ver {💚}
Some Misunderstandings
••••••••••••••••••••••••••••••••••
လွန်ခဲ့တဲ့မိနစ်အနည်းငယ်က✨
Min Ah's POV
အိမ်ကနေထွက်လာတာ ဂိမ်းဆိုင်နားရောက်တော့မှာဘဲ
Renjun ကိုတစ်ချက်ဖုန်းဆက်လိုက်ပါဦးမယ်
ဖုန်းဝင်သွားတာနဲ့ ဖုန်းကို နားကနေတစ်ချက် ခွာထားလိုက်ရသေးတယ်
Renjun ပွစိပွစိပြောတာတွေကြောင့် နားပင်းသွားမှာ စိုးရိမ်ရတယ်လေ ㅋㅋㅋ
"Ya...Jung Min Ah နင်ဘယ်ရောက်နေတာလဲ"
"ငါလမ်းထဲဝင်လာပြီ နင်တို့အတွက် မုန့်တွေဝယ်လာတယ်"
"မြန်မြန်လာ ငါတို့နေ့လယ်စာသွားစားတော့မလို့ ရောက်တော့မှာလား"
"ရောက်တော့မှာပါ ခဏစောင့်"
"ဪ အိုကေ"
ဖုန်းချပြီးတာနဲ့ ဂိမ်းဆိုင်ဘက်ကို
ခပ်သွက်သွက် လျှောက်လာလိုက်တယ်
မနက်ကတည်းက ဘာမှမစားရသေးတော့
ဗိုက်ကတော်တော်ဆာနေတာတော့အမှန်
အာ...ဟိုမှာ Renjun တို့ပါလား
ထွက်စောင့်နေကြတာဘဲ
Renjun ရဲ့ အနောက်က
ရင်းနှီးနေသလိုရှိပေမဲ့ ခပ်စိမ်းစိမ်း မျက်နှာထားနဲ့
ကောင်မလေးတစ်ယောက်
အနီးနားရောက်သွားမှ အဲ့မျက်နှာပိုင်ရှင်ကို
သေချာသိရတော့တယ်
တခြားသူတော့ မဟုတ်
ကျွန်မ အမုန်းရဆုံးသူ Park So Mi
အံ့ဩမှုပေါင်းကြောင့် လက်ထဲက မုန့်ထုတ်တွေပြုတ်ကျကုန်တယ်
အဲ့မုန့်ထုတ်တွေကို ပြန်ကောက်ဖို့လည်း မစဉ်းစားမိ
သူ့ကို မြင်တာနဲ့ အတိတ်က အနာဟောင်းတွေကို
ပြန်မြင်ယောင်လာတယ်
ရင်ဘတ်လည်းအောင့်လာသလိုဘဲ
ဒါနဲ့ သူက ဘာလို့ Renjun တို့နဲ့ အတူရှိနေရတာလဲ
"နင်- နင်ဒီကို ဘယ်လိုလုပ်ပြီး"
YOU ARE READING
나 도 몰 라 (I Don't Know)
Любовные романыUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...
