Unicode ver {💚}
Getting Caught
••••••••••••••••••••
Min Ah's POV
"Ya ဘာလို့ reply မပြန်တာလဲ ㅠㅠ"
"Ya တစ်နေ့လုံးဘယ်ပျောက်နေတာလဲ ဂိမ်းဆိုင်လည်း မလာဘူး"
Message တွေအဆက်မပြတ် ပို့နေတဲ့ Renjun ကို စာလေးတစ်စောင်ပြန်ဖို့အရေး ဘာတွေခက်ခဲနေတာလဲမသိ
"သူနဲ့နင်နဲ့က တကယ်ဘဲသူငယ်ချင်းဘဲလား "
"Renjunအတွက် နင်က သူငယ်ချင်းထက် ပိုနေနိုင်တာဘဲ"
ဓာတ်ပြားတစ်ချပ်ကို ထပ်ခါထပ်ခါ ဖွင့်ထားသလို
Jae Na ရဲ့အသံတွေကိုလည်း နားထဲမှာ ထပ်တလဲလဲ ကြားယောင်လာတယ်
သူ့အကြောင်းတွေးမိတိုင်း
ကိုယ့်ဘာသာတစ်ယောက်ထဲ အတွေးလွန်နေပြီး
ဘာအပြစ်မှမရှိတဲ့ Renjun ကိုတော့ စာမပြန်မိ...
ကိုယ်တိုင်လည်း အပြစ်မရှိပေမဲ့ ဘာလို့ စိတ်မလုံသလို ခံစားနေရတာလဲမသိ...
တော်ပြီ အများကြီးတွေးမနေဘဲ
Sunbae နဲ့ဒိတ်ဖို့ပြင်ဆင်မှဘဲ ဟီး
Jae Na ရွေးပေးထားတဲ့ အပြာနုရောင် ဆွယ်တာလေးရယ်၊ အနက်ရောင် ဂျင်း မီနီစကတ်လေးကိုဝတ်လိုက်ပြီး
မိတ်ကပ်ပါးပါးလိမ်းလိုက်တယ်
ပြီးတော့ ရင်တဒိတ်ဒိတ်နဲ့ Sunbae အလာကိုစောင့်နေလိုက်တယ်
ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့
ရောက်နှင့်ပြီးသား Sunbaeရဲ့ကားကိုတွေ့တာနဲ့အမြန်
အိမ်အောက်ကိုဆင်းသွားလိုက်တယ်
"Sunbae Annyeong!"
"Annyeong Min Ah"
"ရောက်နေတာကြာပြီလား ဘဲလ် တီးလိုက်တာမဟုတ်ဘူး"
"ကိုယ်လည်း ရင်တွေအရမ်းတုန်နေလို့ ဒီအတိုင်း စောင့်နေလိုက်တာ"
"အာ...Sunbaeကလည်း Minကိုက်မစားပါဘူးနော်"
YOU ARE READING
나 도 몰 라 (I Don't Know)
Roman d'amourUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...
