Unicode ver {💚}
Couple Shirts
••••••••••••••••••လက်ရှိအချိန်✨
Renjun's POV
အားကြိုးမာန်တက်နဲ့ City Centre ထဲဝင်သွားပြီး
ပထမဆုံးလုပ်မိတဲ့အရာကတော့
Discount ချရောင်းနေတဲ့ဆိုင်မှာ နေကာမျက်မှန်နဲ့ဦးထုပ်တွေဝယ်တာ
ရဲရဲဝံ့ဝံ့နဲ့ဖွင့်ပြောမယ်ဆိုပြီး
စိတ်ထဲအကြိမ်တစ်ရာလောက်
တွေးပြီး ပြင်ဆင်ခဲ့ပေမဲ့
လက်တွေ့မှာတော့မလွယ်ခဲ့
ကျွန်တော်မှန်းမသိအောင်ရုပ်ဖျက်ပြီး
သူတို့ကိုလိုက်ချောင်းဖို့တစ်ခုသာပြင်ဆင်ခဲ့မိတယ်ရုပ်ရှင်ရုံနားမှာရစ်သီရစ်သီလုပ်ရင်း သူတို့ကိုရှာနေမိတယ်
ဟော...တွေ့ပါပြီ
ဟိုစီနီယာနဲ့ဘာတွေပြောပြီးရယ်နေလဲမသိ
အဝေးမှုန်နေတဲ့ မျက်လုံးကြောင့် ဖုန်းကင်မရာနဲ့ သူတို့ရှိနေတဲ့ဘက်ကို zoom ချဲ့ကြည့်လိုက်တော့
Min Ah က ကျွန်တော့်ဘက်ကိုလှမ်းကြည့်နေတာ တွေ့လိုက်ရတယ်အပြစ်မလုပ်ထားပေမဲ့ အပြစ်ရှိတဲ့အပြစ်သားတစ်ယောက်လို
လန့်ဖြန့်ပြီး လက်ထဲကဖုန်းပြုတ်ကျမလိုဖြစ်သွားတော့ မနည်း ကောက်ဖမ်းလိုက်ရတယ်
တော်သေးတာပေါ့ ဖုန်းမှန်မကွဲသွားလို့အဲ့စီနီယာကဘာတွေများကောင်းနေလို့လဲ
ကြည့်ပြီးသားရုပ်ရှင်ဆို နှစ်ခါတောင်ပြန်မကြည့်တတ်တဲ့သူက
ကျွန်တော်နဲ့ကြည့်ဖူးတဲ့ ရုပ်ရှင်ကို အဲ့တစ်ယောက်နဲ့တူတူပြန်ကြည့်တယ်အစကသူတို့နဲ့အတူတူရုံထဲအထိလိုက်ဝင်ပြီး ရုပ်ရှင်ကြည့်ဖို့ မစီစဉ်ထားပေမဲ့ ဒရမ်မာတွေထဲကလို ရုပ်ရှင်ရုံမှာ ဒိတ်ပြီး ပေါက်ပေါက်ဆုပ်ကို ဗန်းပြပြီး လက်တွေကိုင်
နမ်းပါနမ်းကုန်ရင် ဘယ်လိုလုပ်မလဲ
မဖြစ်ဘူး မဖြစ်ဘူးတိုက်တိုက်ဆိုင်ဆိုင်
ဦးလေးကြီးတစ်ယောက်က ကျွန်တော့်လက်ထဲကို ရုပ်ရှင်ရုံလက်မှတ်တွေလာပေးပြီး အိမ်သာဘက်ကိုပြေးသွားတယ်
ဗိုက်မကောင်းလို့ သူ့အစားကြည့်ပေးပါတဲ့
လက်မှတ်တွေကအကုန် ကုန်ပြီးသားဆိုတော့
အဲ့ဦးလေးကြီးကြောင့်သာ မဟုတ်ရင် ရုံထဲအထိတောင်ဝင်လို့ရမှာမဟုတ်ဘူး
YOU ARE READING
나 도 몰 라 (I Don't Know)
RomanceUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...