Episode - 14

86 16 0
                                    

Unicode ver {💚}

Heartbeats
•••••••••••••••

Renjun's POV

Min Ah ရဲ့စေခိုင်းမှုကြောင့် တော့ပိုကီဆိုင်က အမြန်ဆုံးထွက်လာပြီး ခုနက ပန်းခြံဘက်ကိုပြန်သွားလိုက်ရတယ်
ဖုန်းက ဘယ်မှာပါလိမ့်
သူ့ ringtone ကြားရင် ရှာလို့ပိုလွယ်မယ်ထင်လို့
ဖုန်းကို ထပ်ဆက်ကြည့်ပေမဲ့ စက်ပိတ်ထားတယ်တဲ့
ကြည့်ရတာ ဖုန်းတော့ အခိုးခံလိုက်ရပြီထင်တယ်

ရေပန်းနားတစ်လျှောက်
ထိုင်ခုံတွေအောက်
စားပွဲခုံတွေအပေါ်
ပန်းအိုးတွေကြား
အဲ့လိုနေရာ ပေါင်းစုံမှာရှာကြည့်ပေမဲ့မတွေ့

ဒရမ်မာတွေမှာသာဆို ဇာတ်ဆောင်မင်းသမီးပျောက်သွားတဲ့ ပစ္စည်းတစ်ခုခုကို ရှာမတွေ့ရင် မင်းသားက ပစ္စည်းအသစ်တစ်ပုံစံတည်း ဝယ်ပေးတာမျိုး လုပ်ပေးကြပေမဲ့ လက်တွေ့မှာတော့ အဲ့လို ဈေးမနည်းတဲ့ဖုန်းကို ပြန်ဝယ်ပေးဖို့ဆိုတာ ကျွန်တော့်လို တက္ကသိုလ်ကျောင်းသားလေးအဖို့တော့ မဖြစ်နိုင်

နေ့ခင်းကြောင်တောင်တောင်ကြီး
ကောင်းကင်အထက်မှာ နေပူပူနဲ့
တက္ကသိုလ် အကျယ်ကြီးမှာ
ပျောက်နေတဲ့ ဖုန်းကိုရှာရတာကလည်း
မလွယ်ဘူး

ရေဆာလာတာနဲ့ အနီးနားက စတိုးဆိုင်မှာ
ရေဝယ်ဖို့သွားလိုက်ရတယ်
ကျွန်တော်က အရှေ့တံခါးပေါက်ကဝင်သွားတော့
အနောက် တံခါးဘက်ကနေ မစိမ်းပေမဲ့ သိပ်လည်း မရင်းနှီးတဲ့ နောက်ကျောတစ်ခု ထွက်သွားတာမြင်လိုက်ရတယ်
ကျွန်တော်သာ အဲ့ကို နည်းနည်းစောစော
သွားလိုက်ရင် နောက်နေ့ ဖြစ်လာမဲ့ အရာတွေကို
ကြိုတားနိုင်ခဲ့လေမလား

ရေဝယ်ရင်းနဲ့ ကောင်တာစားပွဲပေါ်မှာ
ကျွန်တော့် အာရုံကို ဖမ်းစားလိုက်တဲ့အရာတစ်ခု...
သိချင်စောနဲ့ အဲ့ကအစ်မတစ်ယောက်ကိုမေးလိုက်တယ်

"Noona...ဒါဘာတွေလဲ"

"အာ...အဲ့တာ chilli spray ဗူးတွေလေ... အခုလော ဒီအရပ်ထဲမှာ ခါးပိုက်နှိုက်တာတို့ မိန်းကလေးတွေကို လိုက်နှောင့်ယှက်တာတို့ရှိလာတော့ သူဌေးက ဆိုင်မှာအဲ့တာတွေရောင်းပေးတာ"

나 도 몰 라 (I Don't Know)Where stories live. Discover now