Episode - 20

97 15 9
                                        

Unicode ver {💚}

A Kiss On the Cheek
••••••••••••••••••••••••••

Min Ah's POV

Jilin ခဏပြန်မဲ့ Renjun ကို လေဆိပ်ကို
လိုက်ပို့ရင်း လိုချင်တဲ့ မုန့်တွေလျှောက်မှာနေတုန်း
ရုတ်တရက်ဆန်တဲ့ Renjun ရဲ့အပြုအမူကြောင့်
လန့်ပြီး လက်ထဲကဖုန်းပြုတ်ကျသွားတယ်

"Ya ဘာလုပ်-"

"ဒီအတိုင်းငြိမ်ငြိမ်နေ"

"Borya...တစ်ပတ်လောက်ဘဲသွားမှာကို အခုကတည်းက ငါ့ကိုလွမ်းနေပြီပေါ့"

ရင်တွေအဆက်မပြတ်တုန်နေပေမဲ့
သူရိပ်မိသွားမှာစိုးလို့ စနောက်ပြီး မသိသာအောင်ထိန်းထားလိုက်တယ်

"အေး ခဏလေးတောင်ခွဲချင်လို့ပြီလား"

"Borya နင်အဲ့လိုတွေပြောစမ်းနဲ့ နင်နဲ့လိုက်ဘူး"

"ဘာလို့လဲ ရင်ခုန်သွားလို့လား"

စိတ်ကိုကွက်ကွက်ကွင်းကွင်းမြင်နေရသလို
ပြောချလိုက်တော့ လိပ်ပြာမလုံသလိုခံစားရလာပြန်တယ်
Renjun က ကျွန်မကိုသဘောကျနေတာမဟုတ်ဘဲ
ကျွန်မကဘဲ သူ့ကိုသဘောကျနေတာလား

အာ- မဖြစ်နိုင်တာ
နှစ်တွေအကြာကြီး Min Hyung Sunbae ကို
သဘောကျလာတဲ့ဟာကို အခုမှ ရုတ်တရက်ကြီး
Renjun ကို သဘောကျတာမဖြစ်နိုင်ဘူး
ဒါ-ဒါစိတ်ကစားတာ

"ဘယ်ကသာချီးကောင်! ငါ့ကိုလွှတ်!"

သူ့ကို အော်ပြီး တွန်းလိုက်မှ သူကရယ်ပြီး
အောက်ပြုတ်ကျသွားတဲ့ ဖုန်းကိုကောက်လိုက်ရင်း

"အာ- ဟိုဖိနပ်တွေစီးလာသားဘဲ"

သူပေးထားတဲ့ ဖိနပ်စီးလာတာကိုတော့ သတိထားမိသားဘဲ
သူကိုင်ထားတဲ့ ကျွန်မဖုန်းကို သူ့လက်ထဲကပြန်လုလိုက်ရင်း

"စီးဖို့ပေးထားတာမဟုတ်ဘူးလား"

"ဒါပေါ့ လှသားဘဲ"

나 도 몰 라 (I Don't Know)Where stories live. Discover now