Unicode ver {💚}
No One Knew
••••••••••••••••••Min Ah's POV
မိနစ် ၂၀ တောင်ရှိနေပြီ
Renjun ခေါင်းက ကျွန်မပုခုံးပေါ်ကနေမခွာသေး
လူလည်း ကျောက်ရုပ်လိုမျိုး မလှုပ်မယှက်နဲ့
အသက်တောင် ကောင်းကောင်းမရှူရဲ
ဘယ်အချိန်ထိဆက်မှီနေဦးမှာလဲသူ့ကိုကြိုးစားပြီး လျစ်လျူရှုရင်း
ပြတင်းပေါက်ဘက်ကနေ အပြင်ကိုကြည့်လိုက်တော့
နောက်မှတ်တိုင်ဆို ဆင်းရတော့မဲ့ မှတ်တိုင်ဆိုတာသိလိုက်ရတယ်"အဟမ်း အဟမ်း"
ချောင်းဟန့်ပြီးနိုးတာလည်းအလုပ်မဖြစ်
ဘယ်လိုလုပ်ရပါ့
သူ့ခေါင်းကို လက်နဲ့ အသာလေးဖယ်လိုက်ပေမဲ့
ကွက်တိ ဘတ်စ်ကားက ဘယ်ဘက်ကွေ့လိုက်တော့
သူ့ကို ထိုင်ခုံပေါ်ကနေတွန်းချမိသွားတယ်
ဆောရီးပါ မရည်ရွယ်ပါဘူး ㅋㅋㅋ"Ya ဘာလုပ်တာလဲ"
အားရပါးရရယ်ရင်း ဆောရီးဆိုတဲ့ တစ်ခွန်းသာ ထပ်တလဲလဲပြောနေတဲ့ ကျွန်မကို သူကသိပ်မကြည်ချင်တော့
"အား...ရယ်ရတယ် ဆောရီးပါဟယ် ငါတကယ်မရည်ရွယ်ပါဘူး"
"ထားပါတော့"
ဟမ်...ဘာပါလိမ့်
အဲ့တာ သူစိတ်ဆိုးနေတာလား
စိတ်မဆိုးတာလား"Ya နင်ငါ့ကို-"
"မြန်မြန်လာ ငါတို့ဆင်းရတော့မယ်"
"ဪ အင်း အင်း"
ဂိမ်းဆိုင်သွားတဲ့ တောက်လျှောက်
သူဘာစကားတစ်ခွန်းမှ မပြောသလို
ကျွန်မလည်း သူ့နောက်ကဘဲ တိတ်တိတ်လေးလိုက်လာမိတယ်
တကယ်ကြီး စိတ်ဆိုးနေတာထင်တယ်
ဘယ်လိုလုပ်ရပါ့"လမ်းလျှောက်တာနှေးလိုက်တာ မြန်မြန်လာ"
"ဟင်- အွန်း"
အနောက်မှာ ကျန်ခဲ့တဲ့ ကျွန်မကို သူကဆွဲခေါ်သွားတော့
သူ့မျက်နှာကို တိတ်တဆိတ် အကဲခတ်မိတယ်
ဘာပါလိမ့် ဒီလိုတည်နေတဲ့ မျက်နှာထားက
ခုနက တွန်းချမိသွားတာကို စိတ်ဆိုးနေတုန်းဘဲလား

YOU ARE READING
나 도 몰 라 (I Don't Know)
RomanceUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...